Thursday, February 28, 2019

ဧရာဝတီတိုင်းလွှတ်တော်အတွင်း အုပ်စုဖွဲ့ခြင်း၊ သတင်းထောက်များကို ကိုယ်ပိုင်သတင်းထောက်အဖြစ်ထားရှိခြင်း၊ ကိုယ်စားလှယ်များအား ကိုယ်ပိုင်လူယုံအဖြစ်ထားရှိခြင်းနှင့် အဂတိလိုက်စားခြင်းများရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား


ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အတွင်း အုပ်စုဖွဲ့ခြင်းများ၊ သတင်းထောက်များကို ကိုယ်ပိုင်သတင်းထောက်အဖြစ်ထားရှိခြင်းများ ကိုယ်စားလှယ်များကို ကိုယ်ပိုင်လူယုံအဖြစ် ထားရှိခြင်းများရှိနေကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းက ပြောကြားသည်။ 

ငြိမ်းချမ်းရေးသင်္ကေတအနေနဲ့ အိန္ဒိယလေယာဉ်မှူးကိုပြန်လွှတ်မယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ်ကြေညာ


တင်းမာမှုတွေမြင့်တက်နေတဲ့နှစ်နိုင်ငံကြားမှာ ငြိမ်းချမ်းရေးသင်္ကေတအနေနဲ့ အိန္ဒိယလေတပ်က လေယာဉ်မှူး အဘီနန်ဒန် ဗာသာမန်ကို ပြန်လွှတ်ပေးမယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် အမ်မရမ် ခန်းက ဒီနေ့ပြောပါတယ်။ 

တရားမဝင် ဝင်ရောက်လာသူ မြန်မာအလုပ်သမား ၁၇ ဦးကို ထိုင်းနယ်ခြားစောင့်တပ် ဖမ်းဆီး


နယ်စပ်မှတဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၁၇ ဦးအား တာ့(ခ်)ခရိုင် ဝမ်ကျောက်မြို့နယ်တွင် ဖေဖော်ဝါရီလ ၂၈ ရက်၊ မွန်းလွဲ ၃ နာရီခန့်က ဖမ်းဆီးခဲ့သည်။ 

AA ၏ တိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နယ် အခြေအနေ ပိုမိုဆိုးရွားလာခဲ့ဟု ၀န်ကြီး ဦးကျော်တင့်ဆို


၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများ ဘင်္ဂလားဒေရှ်နိုင်ငံဆီ ထွက်ပြေးရပြီးနောက် လက်ရှိ လက်နက်ကိုင်အဖွဲ့ AA ၏ တိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နယ်၏ အခြေအနေမှာ ပိုမို ရှုပ်ထွေးသွားစေခဲ့ကြောင်း အပြည်ုပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးတွင် ပြောဆိုလိုက်သည်။ 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာစွန်းဂေါ်ရှန်း ကို ဖေဖော်ဝါရီလ ၂၈ရက်နေ့ နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာမှာ တွေ့ဆုံခဲ့ပါတယ်။ 

တောင်ကြီးတွင် စိုက်ပျိုးရေးသုံးပစ္စည်းများနှင့် စားသုံးဆီများအား ရှောင်တခင် ၀င်ရောက်စစ်ဆေးကာ ဥပဒေညွှန်ကြားချက်များနှင့် မညီသည်တို့ကို ထိန်းချုပ်သိမ်းဆည်းခဲ့



ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ဖေဖော်ဝါရီလအတွင်း ဥပဒေညွှန်ကြားချက်များနှင့်အညီမဟုတ်သောစိုက်ပျိုးရေးသုံးပစ္စည်းများ၊ စားသုံးဆီများကို ရှောင်တခင်ဝင်ရောက်စစ်ဆေးပြီး ထိန်းချုပ်သိမ်းဆည်းမှုများပြုလုပ်ခဲ့ကြောင်း တောင်ကြီးမြို့ရှိ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရှိရသည်။ 

အိုစမာဘင်လာဒင်ရဲ့သားတစ်ဦးကို အမေရိကန်က ဆုငွေ ဒေါ်လာ ၁ သန်း ထုတ်


အသတ်ခံခဲ့ရပြီးဖြစ်တဲ့ အယ်ကေဒါခေါင်းဆောင် အိုစမာဘင်လာဒင်ရဲ့  သားတစ်ဦးနဲ့ ပက်သက်လို့  သတင်းပေးနိုင်သူကို ဒေါ်လာ ၁ သန်းချီးမြှင့်မယ်လို့  အမေရိကန်ပြည်ထောင်စု က ကြာသပတေးနေ့ မှာ ထုတ်ပြန်လိုက်ပါတယ်။ ယင်း သားဖြစ်သူဟာ အစွန်းရောက် ကွန်ရက်ရဲ့  ခေါင်းဆောင်သစ်တစ်ဦးဖြစ်လာဖို့  ရှုမြင်ခံထားရသူပါတယ်။ 
  

တရုတ်နိုင်ငံသို့အလုပ်သွားလုပ်သောစစ်ဘေးရှောင်များအား တရုတ်ရဲများကဖမ်းဆီးပြီး ပိုက်ဆံပေးမှသာ ပြန်လွှတ်ပေးဟုဆို


တရုတ်နိုင်ငံသို့ အလုပ်သွားလုပ်သော စစ်ဘေးရှောင်နှင့်ဒေသခံများအား တရုတ်ရဲများက ဖမ်းဆီးမှုများရှိနေပြီး ပိုက်ဆံပေးမှသာပြန်လွှတ်ကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ညှိနှိုင်းရေးမှူးဒေါ်ခွန်ဂျာကပြောသည်။ 

အိမ်ထောင်သည်အမျိုးသမီး ၅ ဦးတွင် ၁ ဦးမှာ ခင်ပွန်း၏အကြမ်းဖက်ခံနေရဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ပြော


မြန်မာနိုင်ငံတွင် အိမ်ထောင်သည် အမျိုးသမီး ၅ ဦးတွင် ၁ ဦးသည် ခင်ပွန်းဖြစ်သူ၏ အကြမ်းဖက်ခြင်းကို ခံစားရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောသည်။ 
  

ဗင်နီဇွဲလားတွင် အမေရိကန်တို့ ထောက်လှမ်းရေးလေယာဉ်တွေ ပိုတိုးချထားဟု ကာကွယ်ရေးအရာရှိများ ပြော


အမေရိကန်ဟာ ဗင်နီဇွဲလားကမ်းလွန်ပင်လယ်ထဲမှာ တာဝန်ချထားတဲ့ ထောက်လှမ်းရေး လေယာဉ်အရေအတွက်ကို ယခင်ကထက် ပိုတိုးချထားခဲ့ကြောင်း အမေရိကန် ကာကွယ်ရေး အရာရှိနှစ်ဦးက ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။ 

ရန်ကုန်တွင် မြို့ပတ် ရထားလမ်းသစ် ထပ်မံဖောက်လုပ်ရန် တရုတ်ကုမ္ပဏီ ကမ်းလှမ်း


ရန်ကုန်မြို့ပတ်ရထားလမ်းဟောင်းကို အခြေခံ၍ မြို့ပတ်ရထားလမ်းသစ် ဖောက်လုပ်ရန် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် CREER ကုမ္ပဏီမှ လွှတ်တော်ကိုယ်စားလှယ်များကို လာရောက်ဆွေးနွေး တင်ပြခဲ့ကြောင်း ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောသည်။ 

မြန်မာနိုင်ငံမှ ဒုက္ခသည်တွေကို ကြာကြာလက်ခံထားနိုင်မှာ မဟုတ်တော့ဟု ကုလတွင် ဘင်္ဂလားဒေ့ရှ်ပြောဆို


မြန်မာနိုင်ငံမှ ဒုက္ခသည်တွေကို ကြာကြာလက်ခံထားနိုင်မှာ မဟုတ်တော့ဘူးလို့ ကြာသပတေးနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဘင်္ဂလားဒေ့ရှ်က ပြောဆိုလိုက်ကြောင်း သိရပါတယ်။ 
  

ပြည်သူများ အစိုးရရုံးသွားရန် ကြောက်နေမှု မန္တလေးလွှတ်တော်တွင် ဆွေးနွေး


ပြည်သူများ ရုံးကြောက်ရောဂါ ကင်းရှင်းပပျောက်စေရန် ယခုထက်ပိုမိုကောင်းမွန်သည့် မည်သို့သော အစီအစဉ်များဖြင့် ဆောင်ရွက်မည်ကို သိရှိလိုကြောင်း အမရပူရမြို့နယ်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေက ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကျင်းပသည့် တိုင်းလွှတ်တော် ၁၂ ကြိမ် မြောက် ပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့သည်။ 

ပထမအကြိမ်ဖွင့်လှစ်တဲ့ ကျပ်သိန်းတစ်သောင်းခွဲထီဆုကို နေပြည်တော်က ပရဟိတဆရာတော် ဆွတ်ခူး


ပထမအကြိမ် အောင်ဘာလေ သိန်းတစ်သောင်းခွဲထီဆုကြီးကို နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ဆင်ဖြူရှင်ရပ်ကွက်က တောင်နီလေးကျောင်းတိုက်အေးမေတ္တာစံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်း ဆရာတော် ဦးစန္ဒိမာက ဆွတ်ခူးသွားခဲ့ပါတယ်။

MoU စနစ်ကို ခုတုံးလုပ်ပြီး လိမ်လည်နေသော အေဂျင်စီများ အရေးယူပေးရေးအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများ ဖြေရှင်းနိုင်ရန် ထိုင်း-မြန်မာ မြို့နယ်အဆင့် နယ်ခြားကော်မတီအစည်းအဝေး ပြုလုပ်


မြန်မာ-ထိုင်း နယ်စပ်စည်းခြား သောင်ရင်းမြစ် ရေရှည်အသုံးပြုနိုင်ရေး၊ MoU စနစ်ကို ခုတုံးလုပ်ပြီး လိမ်လည်နေသော အေဂျင်စီများ အရေးယူပေးရေးအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းပြဿနာများ ဖြေရှင်းနိုင် ရေးအတွက် ထိုင်း-မြန်မာမြို့နယ်အဆင့် ၄၃ ကြိမ်မြောက် နယ်ခြားကော်မတီအစည်းအဝေးကို ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၁၀ နာရီက ထိုင်းနိုင်ငံ မဲဆောက်ရှိ ကမ်းဖဲဖစ်တက္ကသိုလ် အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

တောင်ကိုရီးယားမှာ အမူးသမား ကပ္ပတိန်ကြောင့် ရုရှားကုန်တင်သင်္ဘောကြီး တံတားကို ဝင်တိုက်


မူးရူးနေတဲ့ ကပ္ပတိန်ရဲ့ ပဲ့ကိုင်မှုအောက်က ရုရှားကုန်တင်သင်္ဘောကြီးဟာ တောင်ကိုရီးယား၊ ဘူဆန်ဆိပ်ကမ်းနားက တံတားကြီးတစ်စင်းကို ဝင်တိုက်မှု ဖြစ်သွားခဲ့ပါတယ်။ 

ဖမ်းမိလေယာဉ်မှူးကို ပြန်လွှတ်မယ်လို့ ပါကစ္စတန် ကတိခံပေမယ့် အိန္ဒိယမှာ စစ်ရေးတပ်လှန့်ထားဆဲ ဖြစ်


ခုသီတင်းပတ် လေကြောင်းစီးနင်းမှုအတွင်းမှာ ပစ်ချခံရပြီး ဖမ်းဆီးရမိထားတဲ့ အိန္ဒိယတိုက်လေယာဉ်မှူးကို ပါကစ္စတန်က ပြန်လွှတ်ပေးမယ်လို့ ကတိပေးပေမယ့် အိန္ဒိယဖက်မှာ စစ်ရေးတပ်လှန့်ထားဆဲပဲ ဖြစ်တယ်လို့ စစ်တပ်အကြီးအကဲတွေက ကြာသပတေးနေ့မှာ ပြောပါတယ်။ 

ဗီယက်နမ်ကနေ ရှောရှောရှုရှု ပြန်မထွက်ခွာနိုင်ဖြစ်ခဲ့ရတဲ့ ဒေါ်နယ်ထရမ့်


ဗီယက်နမ်မှာ ကင်ဂျုံးအန်နဲ့ တွေ့ဆုံစည်းဝေးရာမှာ အောင်မြင်မှု မရဘဲ တွေ့ဆုံမှု အစီအစဉ်တွေကို အားလုံးအပြီးသတ်အောင်တောင် ဆောင်ရွက်ခြင်း မရှိတော့ဘဲ လက်စသပ်ဖျက်သိမ်းလိုက်ရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ နိုင်ငံက ထွက်ခွာချိန်မှာလည်း ရှောရှောရှုရှု မထွက်ခွာခဲ့ရရှာပါဘူး။ 

ယူဂန်ဒါမှာ လူမှုမီဒီယာအခွန် ပြဌာန်းကောက်ခံလို့ သန်းပေါင်းများစွာသော ပြည်သူတွေ မသုံးစွဲဘဲ နေ


ယူဂန်ဒါနိုင်ငံမှာ လူမှုမီဒီယာအခွန်သစ် ပြဋ္ဌာန်းတာကြောင့် သန်းပေါင်းများစွာသော ပြည်သူတွေဟာ အင်တာနက် မဖွင့်ရဲတော့ဘဲ ဖြစ်နေပါတယ်။ 

ရှေ့နေဟောင်းဖြစ်သူရဲ့ လွှတ်တော်ကြားနာမှုမှာ ပြောတာတွေက အလိမ်အညာတွေလို့ ထရမ့် ပြော


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ ရှေ့နေဟောင်းဖြစ်သူ မိုက်ကယ်ကိုဟန်ရဲ့ လွှတ်တော်ကြားနာမှုမှာ ပြောဆိုခဲ့တာတွေနဲ့ ပတ်သက်ပြီး သေးသိမ်သွားအောင် လုပ်ဖို့ ကြာသပတေးနေ့မှာ ကြိုးစားလာပါတယ်။ 

အေအေတပ်ဖွဲ့၏ မိုင်းခွဲပစ်ခတ်မှုကြောင့် ရဲ ၂ ဦး ကျဆုံးဟု ရဲတပ်ဖွဲ့အတည်ပြု


ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရန်ကုန်-စစ်တွေကားလမ်းမကြီးပေါ်မှာ အေအေအဖွဲ့က ရဲတပ်ဖွဲ့ ယာဉ်တန်းကို မိုင်းထောင်ဖောက်ခွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က အတည်ပြု ထုတ်ပြန်ပါတယ်။ 

Daewoo ဘတ်စ်ကားများ မြန်မာနိုင်ငံတွင် ထုတ်လုပ်မည်


ကိုရီးယားနိုင်ငံအခြေစိုက် Daewoo ကုမ္ပဏီထုတ် ဘတ်စ်ကားတွေကို လာမယ့်ဧပြီလကစပြီး မြန်မာနိုင်ငံက စက်ရုံမှာ ထုတ်လုပ်သွားမယ်လို့ Daewoo Bus Myanmar ကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာကျော်ကျော်အောင်က ပြောပါတယ်။ 

ပလတ်စတစ်သုံးစွဲမှု လျှော့ချရန် ရန်ကုန်တွင် အမှိုက်ပုံးများအရောင်ခွဲချထားမည်


ပလတ်စတစ်သုံးစွဲမှု လျှော့ချဖို့အတွက် ရန်ကုန်မြို့က ကုန်တိုက်တွေနဲ့ လူသွားလာများတဲ့ နေရာတွေမှာ ပလတ်စတစ်၊ သံတ္တု၊ စားကြွင်းစားကျန်တွေကို အမှိုက်ပုံးတွေ အရောင်တွေနဲ့ခွဲပြီး ချထားပေးမယ်လို့ ရန်ကုန်မြို့တော်ဝန်က ပြောပါတယ်။ 

ဗင်နီဇွဲလား ဆန္ဒပြပွဲအတွင်း ဒဏ်ရာရသူများ ဘရာဇီးတွင် ဆေးကုသ


ဗင်နီဇွဲလားနိုင်ငံအတွင်း လူသားချင်း စာနာတဲ့ အကူအညီတွေအရေး ဆန္ဒပြပွဲမှာ ဒဏ်ရာရသူတွေဟာ နယ်စပ်ကို ဖြတ်ကူးပြီး ဘရာဇီးနိုင်ငံထဲမှာ ဆေးကုသခံနေကြပါတယ်။ 

ကွန်ပျူတာတွင် မြန်မာစာကို ပြည်ထောင်စုဖောင့်စနစ်သုံးရန် ဒေါ်အောင်ဆန်းစုကြည် ပြော


အစိုးရ၏ အီလက်ထ ရွန်နစ်ဝန်ဆောင်မှုများကို ပြည် သူအားလုံးနားလည်သိရှိစေရေး ကွန်ပျူတာသုံး မြန်မာစာစနစ်ကို ပြုပြင်ရန်လိုအပ်နေပြီး ယခုအသုံး ပြုနေသည့် Myanmar-3 Font ကိုမသုံးဘဲ နိုင်ငံတကာစံနှုန်းနှင့် ပိုမိုကိုက်ညီသည့် ပြည်ထောင်စု ဖောင့်စနစ်ကို အသုံးပြုရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ 

ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းအတွက် မြို့နယ် ၁၄ မြို့နယ်တွင် YESC နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် ကုမ္ပဏီ ၁၀ ခုရှိ


ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းအတွက် မြို့နယ် ၁၄ မြို့နယ်တွင် YESC နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေသည့် ကုမ္ပဏီ ၁၀ ခုရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ပြောကြားသည်။

ကမ္ဘာလှည့်ခရီးသည်တွေအပေါ် အမြတ်ထုတ်တဲ့သူတွေကို ထိုင်းရဲဖမ်း



ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဘုရင့်နန်းတော်တဝိုက်မှာကျက်စားပြီး ကမ္ဘာလှည့်ခရီးသည်တွေကို လှည့်စားအမြတ်ထုတ်နေတဲ့ ထိုင်းနိုင်ငံသား ၁၂၆ ယောက်ကို ဖမ်းလိုက်တယ်လို့ ရဲတပ်ဖွဲ့က မနေ့ကပြောပါတယ်။ 

ထောင်ကျနေသော ရိုက်တာသတင်းထောက်ကိုကျော်စိုးဦး ကျန်းမာရေးချွတ်ယွင်း

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထောင်ဒဏ်ခုနစ် နှစ်စီချမှတ်ခံထားရသော ရိုက်တာသတင်းထောက်နှစ်ဦးအနက် သတင်းထောက်ကိုကျော်စိုးဦး သည် တုပ်ကွေးအဖျားရောဂါဖြစ် ပွားနေပြီး လိုအပ်လာပါက ပြင်ပ ဆေးရုံသို့ ပို့ဆောင်ဆေးကုသမည် ဟု အင်းစိန် ဗဟိုအကျဉ်း ထောင်မှူးဦးဇော်ဇော်က ပြောသည်။ 

မြန်မာလုပ်သားနှစ်ရာခန့်ကို ထိုင်းအလုပ်ရှင်က နစ်နာကြေး ဘတ် ၁၂ သန်းကျော်ပေး၍ အလုပ်ရပ်နား



ထိုင်းနိုင်ငံအရှေ့ပိုင်း ကဘင်ဘူရီမြို့ရှိ စတီးပစ္စည်းများ ထုတ်လုပ်သောစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သား ၂၀၀ ခန့်အလုပ်ရပ်နားခံရမှုအတွက် ထိုင်းစက်ရုံပိုင်ရှင်က နစ်နာကြေးအဖြစ်ဘတ် ၁၂ သန်း(ကျပ်သန်း ၅၀၀ ကျော်)ပေး ရန် သဘောတူညီမှုရခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး အလုပ်သမားသံအရာရှိဦးစန်းမောင် ဦးက ပြောသည်။ 

မြန်မာနိုင်ငံသည် မျှတမှုကင်းမဲ့စွာ ပစ်မှတ်ထားခံနေရကြောင်း ကုလအစည်းအဝေးတွင် ၀န်ကြီးဦးကျော်တင် ပြောကြား

မြန်မာနိုင်ငံသည် အပြုသဘောဆောင်သည့် ဖွံ့ဖြိုးတိုး တက်မှုများရှိသော်လည်း မျှတမှု ကင်းမဲ့စွာပစ်မှတ်ထားခံနေရပြီး ကုလသမဂ္ဂမှ ယန္တရားများစွာ၏ အထူးစိစစ်မှုခံနေရကြောင်း အ ပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဦးကျော်တင်က ပြောကြားသည်။ 

ပခုက္ကူဆိပ်ကမ်းအနီး ဧရာဝတီမြစ်ရေအနည်းငယ် မြင့်တက်လာသော်လည်း နေရာအချို့တွင် ရေအနက်နှစ်ပေခန့်သာရှိသည့်အတွက် မော်တော်နှစ်စင်းသာ ဆိုက်ကပ်နိုင်


ပခုက္ကူဆိပ်ကမ်းအနီး ဧရာဝတီမြစ်ရေမှာ ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ အနည်းငယ် မြင့်တက်လာသော်လည်း နေရာအချို့တွင် ရေအနက် နှစ်ပေခန့်သာရှိသည့်အတွက် မော်တော်နှစ်စင်းသာ ဆိုက်ကပ်နိုင်ကြောင်း မော်တော်ဆလင်များထံမှ သိရသည်။ 

“ဒေါ်အောင်ဆန်းစုကြည် ၊ NLD ပါတီ နဲ့ ဦးရွှေမန်းပါတီ ကြားမှ မဟာမိတ်အဖွဲ့ဝင် ပြောထားပြီး သားအတွက်ကြောင့်မို့ ဆက်ပြီး မဟာမိတ်ဆက်ဆံရေး ထိခိုက်မယ် မထင်ဘူး”


သူရဦးရွှေမန်း ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသော ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က ဖျက်သိမ်းလိုက်ရာ ယင်းသို့ ဖျက်သိမ်းမှုအပေါ် အမြင်များကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။ 

တစ်နှစ်အတွင်း စားသုံးသူရေးရာဦးစီးဌာနသို့တိုင်ကြားမှုပေါင်း လေးရာကျော်အထိရှိခဲ့ပြီးတိုင်ကြားမှုများအနက် ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍကအများဆုံးဖြစ်


ပြီးခဲ့သည့် (၂၀၁၈)ခုနှစ်အတွင်း စားသုံးသူများ၏မကျေနပ်ချက်များကိုစားသုံးသူရေးရာဦးစီးဌာနသို့တိုင်ကြားခဲ့မှုပေါင်း(၄၀၁)မှုအထိရှိခဲ့ပြီး ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍကို အများဆုံးတိုင်ကြားခဲ့ကြသည်ဟု စားသုံးသူရေးရာဦးစီးဌာနမှသိရသည်။ 

သူရဦးရွှေမန်းအပေါ် ဒေါ်အောင်ဆန်းစုကြည် ယုံကြည်မှုရှိ၍ ညှိနှိုင်းမှုဖြင့် အထူးကော်မရှင်ဖျက်သိမ်းဟု ကြံ့ခိုင်ရေးပါတီပြော


သူရဦးရွှေမန်း ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသော ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မရှင် ဖျက်သိမ်းမှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်း ညှိနှိုင်းပြီးမှ ဖျက်သိမ်းခြင်းဟု ယူဆကြောင်း ကြံ့ခိုင်ရေးပါတီမှ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။ 

ဗဟိုဘဏ်အမည်ကို အလွဲသုံးစားလုပ်၍ အများပြည်သူ ယုံကြည်အောင်ပြောဆိုမှုဖြင့် လိမ်လည်သည်ဟု ဆိုသော အမျိုးသမီးတစ်ဦးအား ပုဒ်မအသီးသီးဖြင့် တရားစွဲဆိုထားပြီး ၎င်းတို့ကဲ့သို့ အခြားသူများ အလိမ်မခံရစေရန်ဟုဆိုကာ သတင်းစာရှင်းလင်း


ဗဟိုဘဏ်အမည်ကို အလွဲသုံးစားလုပ်၍ အများပြည်သူ ယုံကြည်အောင် ပြောဆိုမှုဖြင့် လိမ်လည်သည်ဆိုသော အမျိုးသမီးတစ်ဦးအား ပုဒ်မအသီးသီးဖြင့် တရားစွဲဆိုထားပြီး ၎င်းတို့ကဲ့သို့ အခြားသူများ အလိမ်မခံရစေရန်ဟုဆိုကာ လူ ၁၅ ဦးခန့်က ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း၌ ဖေဖော်ဝါရီ ၂၈ ရက်တွင် သတင်းစာ ရှင်းလင်းခဲ့သည်။ 

Daewoo ဘတ်စ်ကားများကို SKD စနစ်ဖြင့် နှစ်စဉ် အစီး ၅၀၀ ခန့်ထုတ်လုပ်၍ ပြည်တွင်းပြည်ပသို့ တင်ပို့ရောင်းချရန် ဒေါ်လာ ၁၀ သန်းခန့် မြှုပ်နှံထားပြီး ၂၀၁၉ ခုနှစ် မတ်တွင် စတင်ထုတ်လုပ်ရောင်းချမည်


Daewoo ဘတ်စ်ကားများကို SKD စနစ်ဖြင့် နှစ်စဉ် အစီး ၅၀၀ ခန့်ထုတ်လုပ်၍ ပြည်တွင်းပြည်ပသို့ တင်ပို့ရောင်းချရန် ဒေါ်လာ ၁၀ သန်းခန့်မြှုပ်နှံထားပြီး ၂၀၁၉ ခုနှစ် မတ်လအတွင်း စတင်ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၈ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ Daewoo Bus Myanmar ကုမ္ပဏီ၏ MD ဒေါက်တာကျော် ကျော်အောင်က ပြောကြားသည်။ 

တပ်မတော် (ရေ) က ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်းနှင့် လက်နက်များ လေ့ကျင့်ပစ်ခတ်ခြင်းကို ကိုကိုးကျွန်းအနီးတွင် မတ် ၃ ရက်မှ ၁၈ ရက်အထိ ပြုလုပ်မည်


တပ်မတော် (ရေ) က ပင်လယ်ပြင်လက် တွေ့လေ့ကျင့်ခန်း (Combined Fleet Exercise) နှင့် လက်နက်များ လေ့ကျင့်ပစ်ခတ်ခြင်းကို ကိုကိုးကျွန်းအနီးတွင် မတ် ၃ ရက်မှ ၁၈ ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဖေဖော်ဝါရီ ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။ 

Israel ၀န်ကြီးချုပ်ကို ရာဇ၀တ်ပြစ်မှုတွေနဲ့ စွဲဆိုမည်


အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu အပေါ် အဂတိလိုက်စားမှုတွေနဲ့ စွဲချက်တင်ဖို့ လုပ်ဆောင်တဲ့ သူ့ရဲ့ ရည်ရွယ်ချက်ဟာ ဝန်ကြီးချုပ် Netanyahu နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှုတွေ အဆုံးသတ်စေဖို့ ရည်ရွယ်တယ်လို့ အစ္စရေး နိုင်ငံတော်ရှေ့နေချုပ် Avichai Mandelblit က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။ 

တောင်တရုတ်ပင်လယ်အရေး ကန်-ဖိလစ်ပိုင် ဆွေးနွေး


အမေရိကန် သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ရဲ့ ဗီယက်နမ်နိုင်ငံက ဒုတိယအကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲ အပြီး သိပ်မကြာ ခင်မှာပဲ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo ဟာ ဖိလစ်ပိုင်သမ္မတ Rodrigo Duterte နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိသွားပါတယ်။ 

Cyber လုံခြုံရေးဥပဒေကြမ်း ထိုင်းပါလီမန် အတည်ပြု


ထိုင်းနိုင်ငံမှာ အများ ပြည်သူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို တရားရုံးရဲ့ ခွင့်ပြုချက်မပါဘဲ အာဏာပိုင်တွေ ၀င်ရှာလို့ရတဲ့ ဆိုင်ဘာ လုံခြုံရေး ဥပဒေကြမ်းတခုကို ထိုင်းပါလီမန်က ကြာသပတေးနေ့က အတည်ပြုခဲ့ပါတယ်။ 

နိုင်ငံရေးသည် တစ်ခါတလေ မူယာမာယာများတတ်သည်ဟု သူရဦးရွှေမန်းပြောကြား


နိုင်ငံရေးဆိုသည်မှာ ကျယ်ပြန့်သိမ်မွေ့ကြောင်းနှင့် တစ်ခါတလေမှာလည်း မူယာမာယာ များတတ်သည်ဟု အထူးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားလိုက်သည်။ 

ရန်ကုန်- စစ်တွေကားလမ်းမိုင်တိုင်အမှတ်(၁၆၅)အနီးတွင် AAသောင်းကျန်းသူအဖွဲ့ က မိုင်းထောင်ဖောက်ခွဲပြီး လက်နက်ငယ်ဖြင့်ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်၂ဦးကျဆုံး


ရန်ကုန်-စစ်တွေကားလမ်းမကြီးပေါ်၌ AAသောင်းကျန်းသူ အဖွဲ့ က မိုင်းထောင်ဖောက်ခွဲပြီးလက်နက်ငယ်ဖြင့်ပစ်ခတ် မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့ မှ သတင်းထုတ်ပြန်ခဲ့သည်။ 

ဘင်္ဂါလီဒုက္ခသည်များကို နိုင်ငံသားအဖြစ် အသိအမှတ်ပြု လက်ခံရန်အသင့်ရှိဟု ဖိလစ်ပိုင်သမ္မတဒူတာတေး ပြော ICCကို မည်သည့်အခါမျှအသိအမှတ်ပြုမည်မဟုတ်ဟု ဆို အခြားနိုင်ငံများ၏အရေးကိစ္စများတွင် မသက်ဆိုင်ဘဲ ဥရောပနိုင်ငံများ ဝင်ရောက်စွက်ဖက်နေဟု ဝေဖန်ပြစ်တင်


ဘင်္ဂါလီဒုက္ခသည်များကို နိုင်ငံသားအဖြစ် အသိအမှတ်ပြု လက်ခံရန်အဆင်သင့်ရှိကြောင်းဖိလစ်ပိုင်သမ္မတ"ရိုဒရီဂိုရိုအာဒူတာတေး" ကပြောကြားလိုက်သလို အတိဒုက္ခရောက် နေသည့် ဘင်္ဂါလီမွတ်ဆလင်များကိုအကူအညီပေးရန်လှစ် လျူရူ့ နေသည့် နိုင်ငံတကာကိုလည်း ၄င်းက ပြစ်တင် ဝေ ဖန်ခဲ့သည်။ ပြီးခဲ့သည့်အင်္ဂါနေ့ က ဖိလစ်ပိုင်နိုင်ငံမြို့ တော် မနီလာရှိ Manila ဟိုတယ်တွင်ပြုလုပ်ခဲ့သည့် ဖိလစ်ပိုင် မြူနီစပယ်များအဖွဲ့ ချုပ် အထွေထွေညီလာခံ၌ မိန့် ခွန်း ပြောကြားခဲ့ရာတွင် သမ္မတ ဒူတာတေးက အထက်ပါ အ တိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 

အစိုးရဌာနများတွင်ပြောင်းလဲအသုံးပြုရန် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းထားသည့် ပြည်ထောင်စုဖောင့် Download Link




အစိုးရဌာနများတွင် လက်ရှိအသုံးပြုနေသည့် Myanmar 3 ဖောင့်အစား ပြည်ထောင်စုဖောင့် Pyi DaungSu Font ကိုပြောင်းလဲအသုံးပြုကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြား ထားရာ Pyi DaungSu Font ကို Install ပြုလုပ်နိုင်ရေး အတွက် မြန်မာနိုင်ငံကွန်ပျူတာအသင်းမှ တင်ပေးထား သည့် Pyi DaungSu Font Download Link ကို ဖော်ပြ အပ်ပါသည်။ 

Wednesday, February 27, 2019

သတင်းထောက်နှစ်ဦးကို ချုပ်နှောင်အနိုင်ကျင့်သည့် သခင်စစ်ကုမ္ပဏီမှ ခြောက်ဦးကို ပုဒ်မငါးခုဖြင့် အမှုဖွင့် ကျူးလွန်သူများ အာမခံရရှိ၊ ကျူးလွန်သူများကို ထိရောက်စွာအရေးယူရန် မီဒီယာအဖွဲ့အစည်းများတောင်းဆို


ကချင်ပြည်နယ်အခြေ စိုက် မြစ်ကြီးနားဂျာနယ်သတင်း ထောက်နှစ်ဦးကို ဆဲဆိုပြီး နာ ကျင်အောင်ပြုလုပ်ခဲ့သည့် ၀ိုင်း မော်မြို့နယ်ရှိ သခင်စစ်သတ္တု တူးဖော်ရေးကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးဒိန်ဆောင် အပါအ၀င်ခြောက်ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မငါးခုဖြင့် အမှုဖွင့်ခဲ့ ကြောင်း ၀ိုင်းမော်မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်စိုးကပြောသည်။ 

ပြည်ခိုင်ဖြိုးပါတီကလုပ်ဆောင်နေတဲ့၊ ဆန်တွေဈေးလျှော့ရောင်းတဲ့အစီအစဉ်ဟာ၊ ပြည်သူတွေစီးပွားရေးကြပ်တည်းနေချိန်၊ ပါတီရဲ့စေတနာကို ပြည်သူတွေသိစေချင်လို့လုပ်ပေးတာပဲဖြစ်ဟုဆို


ပြည်ခိုင်ဖြိုးပါတီကလုပ်ဆောင်နေတဲ့၊ ဆန်တွေဈေးလျှော့ရောင်းတဲ့အစီအစဉ်ဟာ၊ ပြည်သူတွေစီးပွားရေးကြပ်တည်းနေချိန်၊ ပါတီရဲ့စေတနာကို ပြည်သူတွေသိစေချင်လို့လုပ်ပေးတာပဲဖြစ်တယ်လို့ ပြည်​​ခိုင်ဖြိုးပါတီ မန္တ​လေးတိုင်း​ဒေသကြီး၊ သတင်းထုတ်​ပြန်​​ရေးအဖွဲ့ခေါင်းဆောင်၊ တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူးဦး​အောင်​​ကျော်​မိုးက ပြောပါတယ်။ 

သိန်း ၁ သောင်း ၅ ထောင်ဆုအတွက် ထီလက်မှတ်များကို ဈေးလျှော့ရောင်းချနေရခြင်းမှာ အပြောင်းအလဲကာလ ဖြစ်ရိုးဖြစ်စဉ်ဟု ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ချုပ် ပြော


ထီဈေးကွက်ထဲတွင် ကျပ်တထောင်တန်ထီလက်မှတ်ကို ဈေးနှုန်းလျှော့ချရောင်းနေရခြင်းသည် ထီဈေးနှုန်း အပြောင်းအလဲကာလတွင် ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမင်းထွဋ်က News Watch ကို ပြောသည်။ 

နျူကလီးယားဖျက်သိမ်းဖို့ အဆင်သင့်ပဲဟု ထရမ့်နဲ့ တွေ့စဉ် ကင်မ်ဂျုံအန်း ပြော


နျူကလီးယားဖျက်သိမ်းရေးအတွက် အဆင်သင့်ပါပဲလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ဖေဖော်ဝါရီ ၂၇ ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့စဉ် ပြောခဲ့တယ်လို့ သိရပါတယ်။ 

နီပေါမှာ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် ခရီးသွားဝန်ကြီးအပါအဝင် ၇ ဦး သေဆုံး


နီပေါနိုင်ငံတွင် ယမန်နေ့ ဖေဖော်ဝါရီ ၂၇ ရက်က ဖြစ်ခဲ့တဲ့ ရဟတ်ယာဉ်ပျက်ကျမှုတစ်ခုမှာ ခရီးသွားလာရေးဝန်ကြီး ရာဘင်ဒြာ အက်ဟီကာရီ အပါအဝင် လူ ခုနစ်ဦး သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။