Thursday, February 21, 2019

ရန်ကုန်နည်းပညာတက္ကသိုလ်တွင် 5G ဆက်သွယ်ရေးဆိုင်ရာ နည်းပညာစင်တာဖွင့်လှစ်


Image may contain: 1 person, text
5G ဆက်သွယ်ရေးဆိုင်ရာ နည်းပညာစင်တာကို ရန်ကုန်နည်းပညာ တက္ကသိုလ်၌ဖွင့်လှစ်ထားကြောင်း နိုကီရာက ယခုလ ၁၈ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ 
ထို 5G ဆက်သွယ်ရေးနည်းပညာစင်တာကိုအူရီဒူး၏ ဆက်သွယ်ရေးကွန်ရက်နှင့် နိုကီရာ၏နည်းပညာတို့ ပူးပေါင်းတည်ဆောက်ထားခြင်းဖြစ်သည်။ 

စင်တာတွင် 2G, 3G, 4G နှင့် 5G နည်းပညာများကို ထောက်ပံ့နိုင်သည့် နိုကီရာ၏ multiradio , AirScale နည်းပညာ၊IPနှင့် မိုက်ကရိုဝေ့စနစ်သုံး စက်ပစ္စည်းများ ပါဝင်သည်။ 

ဃူသကိ နည်းပညာပေါ်အခြေခံထားသည့်ကွန်ရက်ချိတ်ဆက်မှုပါဝင်သော မည်သည့်ဆက်သွယ်ရေးစနစ်ကိုမဆို ချိတ်ဆက်အသုံးပြုနိုင်သည့်စနစ်နှင့်စွမ်းအင်ချိတ်ဆက်မှု၊ စက်ပစ္စည်းကိရိယာနှင့် အခြေခံအဆောက်အအုံများစသည့် နောက်ဆုံးပေါ် ခေတ်မီစက်ပစ္စည်းများကို နည်းပညာစင်တာ၌ တပ်ဆင်ပေးထားကြောင်း Nokia Myanmar အကြီးအကီဲDr. Danabalan Amrithalingamာ က ပြောသည်။ 

"ရန်ကုန်တက္ကသိုလ် နိုကီရာနည်းပညာစင်တာမှာကျောင်းသားကျောင်းသူတွေအတွက် Bell Labs ကတီထွင်ထားတဲ့ ဆန်းသစ်တဲ့ အဆင့်မြင့် ၅ွ နည်းပညာကို လေ့လာနိုင်ဖို့ ပြသထားပါတယ်။ ကျောင်းသားကျောင်းသူတွေအနေနဲ့ အဆင့်မြင့်တဲ့ နည်းပညာတွေကို အသုံးပြုပြီး နည်းပညာပိုင်းထိတွေ့မှုတွေတိုးတက်လာအောင် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်"Dr. Danabalan Amrithalingam က ပြောသည်။ 

ထို့ပြင် ဘွဲ့လွန်ကျောင်းသားကျောင်းသူများအတွက် သင်ရိုးညွှန်းတမ်းများကို လေ့လာနိုင်ရန်လက်တွေ့စမ်းသပ်လုပ်နိုင်သည့် သင်ထောက်ကူပစ္စည်းများ ပါဝင်သော လက်တွေ့စမ်းသပ်ခန်းကို ရန်ကုန်နည်းပညာတက္ကသိုလ်တွင် နိုကီရာက တည်ဆောက်ပေးထားခြင်းဖြစ်သည်။ 

"နိုကီရာနဲ့ နည်းပညာသင်ရိုးတွေကိုမာတိကာထဲမှာ ထည့်သွင်းခွင့်ရပြီး ပြည်တွင်းရဲ့ပထမဆုံး ၅ွ နည်းပညာစင်တာကို တည်ဆောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ကျောင်းသားကျောင်းသူတွေအတွက်အလုပ်သင်အစီအစဉ်ကိုပါ ကူညီပေးတဲ့အတွက် ကျောင်းသားတွေအနေနဲ့ ပြည့်စုံတဲ့ သင်ကြားမှုတွေ သင်ယူနိုင်မှာ ဖြစ်ပါတယ်"ဟု ရန်ကုန်နည်းပညာတက္ကသိုလ်ပါမောက္ခချုပ် ဦးမြင့်သိန်းက ပြောသည်။ 

ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ဖွင့်လှစ်ထားသည့် နိုကီရာနည်းပညာ 5G ဆက်သွယ်ရေး နည်းပညာစင်တာတွင် ဆက်သွယ်ရေးဆိုင်ရာ ဒီပလိုမာသင်တန်းဖွင့်လှစ်ထားပြီး ဘွဲ့လွန်ကျောင်းသားများအတွက် ဖင်လန်နိုင်ငံ ဥကူက တက္ကသိုလ်၏ သင်ရိုးအတိုင်း သင်ကြားပေးလျက်ရှိသည်။ 

The Myanmar Times

0 comments:

Post a Comment