Thursday, February 21, 2019

ထီဖွင့်ရန်နီးကပ်လာချိန်အထိ ကျပ်(၁၀၀၀) တန်ထီကို နေပြည်တော်တွင် စိတ်ဝင်စားမှုနည်းပါးနေ


Image may contain: one or more people, sky and outdoor
ဆုကြေးငွေကျပ် သိန်း(၁၅၀၀၀)ချီးမြှင့်ပေးမည့် ကျပ်၁၀၀၀တန်ထီကို ယခုလကုန်တွင် ပထမအကြိမ်အဖြစ် စတင်ဖွင့်လှစ်ပေးရာ နေပြည်တော် ထီဈေးကွက်အတွင်းတွင်မူ စိတ်ဝင်စားမှုနည်းပါးနေကြောင်း သိရသည်။ 
ကျပ်(၅၀၀)တန်ထီကို ဆုကြေးငွေကျပ် သိန်း (၁၀၀၀၀ )ချီးမြှင့်ပေးရာတွင် အများစိတ်ဝင်စားမှုရှိခဲ့ပြီးရောင်းအားကောင်းခဲ့သော်လည်း ယခုကျပ် (၁၀၀၀)တန်ထီကို စိတ်ဝင်စားမှုနည်းပါးနေကြခြင်းဖြစ်သည်။ 

"ရောင်းမကောင်းဘူး။ပြသနာက ဈေးနှုန်းကမြင့်သွားချိန် ဆယ်စောင်တွဲကိုကျပ်တစ်သောင်းဆိုတော့သူသူ ငါငါထိုးဖို့ ချိန်ရတာမျိုးပေါ့။နေပြည်တော်မှာတော့ (၁၀၀၀)ဘဲရောင်းပါတယ်။တစ်ချို့နေရာတွေတော့ ဈေးလျှော့ရောင်းနေတယ်လို့ကြားတယ်"ဟု နေပြည်တော် မြို့မဈေးမှ ထီအရောင်းကိုယ်စားလှယ် ဦးမျိုးအေးက ဆိုသည်။ 

အစိုးရအောင်ဘာလေထီဌာနခွဲမှ ရောင်းချနေသော ထီလက်မှတ်များမှာ ကိုယ်စားလှယ်ကြီးများက ကြိုတင်မှာယူရသောစနစ်ဖြင့်ရောင်းချနေခြင်းဖြစ်ကြောင်းသိရသည်။ 

ကျပ်(၅၀၀)တန်ထီလက်မှတ်များကို ဈေးနှုန်းပိုတင်ရောင်းသည့်အခြေအနေမှကာကွယ်နိုင်ရန် ထီဈေးနှုန်းတိုးမြှင့်လိုက်ခြင်းဖြစ်ပြီးထီဆုကြေးငွေကို တိုးမြှင့်ပေးအပ်ထားသော်လည်းဝယ်ယူသူ နည်းပါးနေခြင်းဖြစ်သည်ဟု ဈေးကွက်အတွင်းမှသိရသည်။ 

Popular News Journal

0 comments:

Post a Comment