Monday, February 4, 2019

တပ်ကုန်းတွင် ယာဉ် ၂ စီးတိုက်၊ ၁၇ ဦး ဒဏ်ရာရ


နေပြည်တော် တပ်ကုန်းမြို့နယ်မှာ ယာဉ်နှစ်စီး မတော်တဆတိုက်မိခဲ့တာကြောင့် လူ ၁၇ ဦး ဒဏ်ရာရ ရှိသွားပါတယ်။ 
ဖေဖော်ဝါရီ ၃ ရက်နေ့ မနက် ၇ နာရီခွဲလောက် တပ်ကုန်းမြို့နယ်၊ သော်တာကျေးရွာအနီး တပ်ကုန်း-အမြန်လမ်းမကြီးသွား ကားလမ်း မိုင်တိုင်(၀/၅-၆) ကြားမှာ ဦးထွန်းဝင်း မောင်းနှင်ပြီး ဦးကျော်ဝင်းလိုက်ပါလာတဲ့ Mazada Titan ၆ ဘီးယာဉ်နဲ့ ရဲဝင်းထွန်း မောင်းနှင်ပြီး နေ့စားအလုပ်သမား (ဆည်/မြောင်း) ၁၅ ဦးတို့ လိုက်ပါလာတဲ့ Canter ၆ ဘီးယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိပြီး Canter ယာဉ် တိမ်းမှောက်သွားခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ 

ယာဉ်တိုက်မှုကြောင့် ယာဉ် နှစ်စီးပေါ် လိုက်ပါလာတဲ့ အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၇ ဦးတို့ မစိုးရိမ်ရ ဒဏ်ရာတွေ ရရှိခဲ့ပြီး တပ်ကုန်းပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသ ထားတယ်လို့ ဆိုပါတယ်။ 

ဦးထွန်းဝင်းနဲ့ ရဲဝင်းထွန်းတို့အား တပ်ကုန်းမြို့နယ်ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ (ပေါ့လျော့မှုကြောင့် သာမန်/ပြင်းထန် နာကျင်စေမှု) နဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်။

DVB

0 comments:

Post a Comment