Monday, February 4, 2019

၁၈ နှစ်ပြည့်ပြီးသူများကိုသာ လက်ထပ်ခွင့်ပြုရန် တပ်ကိုယ်စားလှယ် ဗိုလ်ကြီးဒေါ်သဇင်လှိုင် ဆွေးနွေး


မြန်မာပြည်မှာ အမျိုးသားနဲ့အမျိုးသမီး လက်ထပ်ထိမ်းမြားနိုင်တဲ့အသက်ဟာ ၁၈ နှစ်ပြည့်ပြီးဖြစ်ရမယ်လို့ ပြဋ္ဌာန်းပေးဖို့ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ကြီး ဒေါ်သဇင်လှိုင်က ပြောဆိုဆွေးနွေးပါတယ်။ 
ဖေဖော်ဝါရီ ၄ ရက် အမျိုးသားလွှတ်တော်မှာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေး ပြောခဲ့တာ ဖြစ်ပါတယ်။ 

“ဥပဒေကြမ်းမှာ ထိမ်းမြားလက်ထပ်ခြင်းနဲ့သက်ဆိုင်သည့် အခန်း ၇၊ အပိုဒ် ၂၃ပါ အဆိုပြု ပြဋ္ဌာန်းချက်အစား အမျိုးသားနှင့် အမျိုးသမီးတို့၏ ထိမ်းမြားလက်ထပ် နိုင်သည့်အသက်သည် ၁၈ နှစ်ပြည့်ပြီးဖြစ်ရမည်ဟူသော စကားရပ်ဖြင့် ပြင်ဆင်လိုပါကြောင်း ”ဆွေးနွေးသွားပါတယ်။ 

ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ် ၅ ဦး ၀င်ရောက်ဆွေးနွေးခဲ့ကြပြီး ဒီထဲမှာ အမျိုးသမီးဗိုလ်ကြီး ၃ ဦးလည်း ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။ 

ဗိုလ်ကြီးဒေါ်သန်းသန်းဝင်း၊ ဗိုလ်ကြီးဒေါ်ဝင်းသီရိဆွေနဲ့ ဗိုလ်ကြီး ဒေါ်သဇင်လှိုင်တို့ ၃ဦးက အရွယ်မတိုင်မီအိမ်ထောင်ပြုခြင်းကိစ္စ၊ အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်းကိစ္စ စတဲ့ ကိစ္စရပ် တွေမှာ ပါဝင်ဆွေးနွေးသွားကြတာ ဖြစ်ပါတယ်။ 

ပြည်သူ့လွှတ်တော်က ဓလေ့ထုံးတမ်းဥပဒေတွေနဲ့အညီ လက်ထပ်နိုင်တယ်လို့ အတည်ပြု ပေးပို့ထားတဲ့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က အိမ်ထောင်ပြု လက်ထပ်နိုင်တဲ့ အသက်ကို ၁၈ နှစ် အရွယ် ပြင်ဆင်သတ်မှတ်ဖို့ အဆိုပြု ထားပါတယ်။

DVB

DVB

0 comments:

Post a Comment