ယနေ့နံနက် ၄ နာရီကျော်က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် သံတောင်ရဲစခန်း စီနင်းတိုက်ခိုက်ခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
သံတောင် ဒေသခံ တစ်ဦးက “ ကျွန်တော်တို့ ဒီနေ့ မနက် ၄နာရီကျော်က ဖြစ်တယ်။ မိနစ် ၃၀ လောက် ဖြစ်တယ်။ အေအေကနေ ရဲစခန်းကို တိုက်တယ်လို့ သိရပါတယ်” ဟု ပြော ကြားသည်။
ရက္ခိုင့်တပ်မတော် (AA) မှ သံတောင် ရဲစခန်းမှူးကြီးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သတင်းရရှိကြောင်း၊ စခန်းကျ မကျကိုလည်း အိမ်ပြင် မထွက်ဝံ့၍ မသိရသေးကြောင်း သူက ပြောကြားသည်။
ဖုန်းပြတ်တောင်း ပြတ်တောင်း ဖြစ်သဖြင့် အသေးစိတ် မေးမြန်းနိုင်ခြင်း မရှိပါ။
ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူးအား ဆက်သွယ်ရာ သံတောင်မှာ ဝေးလွန်းသဖြင့် အတိအကျ သတင်းမရသေးကြောင်း၊ ဖြစ်စဉ်အား စုံစမ်းနေဆဲ ဖြစ်ကြောင်း ပြောကြားသည်။
ရက္ခိုင့်တပ်မတော် (AA) ပြောခွင့်ရသူ ခိုင်သုခအား လေးမြို့ချောင်းဖျား သံတောင်စခန်းကို တိုက်ခိုက်သည့် သတင်း အသေးစိတ် အချက်အလက်များသူ့ထံသို့ မရောက်ရှိသေးကြောင်း ပြောကြားသည်။
သို့သော်လည်း ရက္ခိတလမ်းစဉ်အား နှောင့်ယှက်သူများကို အပြစ်ပေး ဆိုဆုံးမလျက်ရှိနေကြောင်း သူက ဆက်လက်ပြောကြားသည်။
ရခိုင်ပြည်နယ် အခြေစိုက် နပခမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ၀င်းဇော်ဦးအားဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။
Narinjara
0 comments:
Post a Comment