Monday, February 4, 2019

ပုံမှန်ထက် ဆယ်ရာခိုင်နှုန်းလောက် ဈေးတက်လာတဲ့ ၆၆၀ မီနီထရပ်များ အရောင်းသွက်နေ


ကျောင်းပိတ်ရာသီနှင့်ခရီးသွားကာလများရောက်ရှိလာသဖြင့် ကားဈေးကွက်အတွင်းဂျပန်ညာမောင်းမီနီထရပ်များဈေးကောင်းလာပြီး အရောင်းသွက်လျှက်ရှိနေသည်ဟု ကားရောင်းဝယ်ရေးစခန်းများမှသိရသည်။ 
"အခုလိုရာသီမျိုးမှာလုပ်ငန်းသုံးကားလေးတွေက အရောင်းသွက်လေ့ရှိပါတယ်။ဂျပန်ညာမောင်းကားတွေကသွင်းမရတော့တဲ့အတွက် တက်ဈေးနဲ့အရောင်းအဝယ်ဖြစ်နေတာ။သိန်းရှစ်ဆယ်တန်ကားက ကိုးဆယ်လောက်ဖြစ်သွားတယ်အခု"ဟု ဟံသာဝတီကားရောင်းဝယ်ရေးစခန်းမှ ကိုကျော်ကြီးကဆိုသည်။ 

ပြည်တွင်း၌တပ်ဆင်ထုတ်လုပ်သည့် မီနီထရပ်ကားအချို့နှင့်တရုတ်နိုင်ငံထုတ်ဘယ်မောင်းမီနီထရပ်များမှာ ဂျပန်ညာမောင်းကားများ၏ဈေးကွက်ဝေစုကို ယှဉ်ပြိုင်နိုင်ခြင်းမရှိသေးကြောင်းသိရသည်။ 

သိန်းရှစ်ဆယ်ဝန်းကျင်မှအမြင့်ဆုံးသိန်းနှစ်ရာခန့်အထိ ပေါက်ဈေးရှိနေသည့်ဂျပန်ညာမောင်းမီနီထရပ်များကို အချို့ကားအရောင်းစင်တာများက အရစ်ကျစနစ်ဖြင့်ရောင်းချမှုများလည်းရှိနေသည်။ 

ဈေးကွက်အတွင်းအများဆုံးရောင်းချရသည့်ကားအမျိုးအစားမှာ ဟိုက်ဂျက်အမျိုးအစားရန်ကုန်လိုင်စင်ဖြစ်ပြီးနယ်လိုင်စင်ကားများလည်းအရောင်းအဝယ်ဖြစ်လျှက်ရှိနေသည်။

Popular News Journal 

0 comments:

Post a Comment