သရုပ်ဆောင်ဝေဠုကျော်ကို အလှမယ်သင်းသင်းက ကာမလိမ်လည်မှုဖြင့် ဦးတိုက်လျှောက်တရားစွဲဆိုထားသောအမှုအား ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စတင်စစ်ဆေးရန်ချိန်းဆိုခဲ့သော်လည်း မြို့နယ်တရားသူကြီးမှာ ရာထူးတိုးအပြောင်းအရွှေ့ရှိသဖြင့် မစစ်ဆေးဖြစ်ဘဲ ရုံးချိန်းသာ ပြန်လည်ချိန်းဆိုလိုက်သည်။
အလှမယ်သင်းသင်းက သရုပ်ဆောင်ဝေဠုကျော်ကို ဇန်နဝါရီလ ၈ ရက်နေ့က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး အမှုဖွင့်ခံရသော သရုပ်ဆောင် ဝေဠုကျော်သည် ဇန်နဝါရီလ ၂၂ ရက်နေ့၊ နံနက်ပိုင်းက ကျပ်သိန်း ၅ဝ ဖြင့် အချုပ်လွတ်အာမခံရရှိခဲ့သည်။
Mizzima - News in Burmese
0 comments:
Post a Comment