Thursday, February 21, 2019

ကုလသမဂ္ဂမှာ ၀န်ကြီးဦးကျော်တင် မိန့်ခွန်းပြောမည်


Image may contain: 1 person
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမှာ လာမယ့်သီတင်းပတ်ကျင်းပမယ့် ကုလသမဂ္ဂ ညီလာခံမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းစကားပြောကြားမယ့် အစီအစဉ် မပါဝင်တော့ဘူးလို့ ရိုက်တာသတင်းက ဖေါ်ပြပါတယ်။ 
လာမယ့်ဗုဒ္ဓဟူးနေ့ မနက် ၁၁ နာရီမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းစကားပြောကြားမယ်လို့ ကြာသပတေးနေ့ မနက်ပိုင်းအထိ ဖေါ်ပြခဲ့ပေမယ့်၊ ညနေပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည် နေရာမှာ နိုင်ငံတကာ ပူးပေါင်းဆောင် ရွက်ရေးဝန်ကြီး ဦးကျော်တင် ကို ထည့်သွင်းထားတာတွေ့ရတယ်လို့ ဖေါ်ပြပါတယ်။ 

ဒါ့ပြင် ညီလာခံကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာလားဆိုတာလည်း မသိရသေးဘူးလို့ ကုလသမဂ္ဂ အရာရှိတွေက ဆိုပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရ ပြောခွင့်ရသူဦးဇော်ဌေးကိုလည်း ဆက်သွယ်လို့ မရခဲ့သလို၊ ဂျီနီဗာမှာရှိတဲ့ မြန်မာမစ်ရှင်အဖွဲ့ကိုလည်း တနေ့လုံးမတွေ့ခဲ့ရဘူးလို့ ရိုက်တာသတင်းက ဖေါ်ပြပါတယ်။ 

RFA

0 comments:

Post a Comment