Thursday, February 21, 2019

တနင်္သာရီဝန်ကြီးချုပ် တင်ဒါစည်းကမ်းနှင့်မညီဘဲ လုပ်ငန်းလုပ်ခွင့်ချထားပေးမှုများ လွှတ်တော်က စိစစ်တွေ့ရှိထားဟုဆို


Image may contain: 1 person, sitting and indoor
တနင်္သာရီတိုင်းဝန်ကြီးချုပ်ဒေါက်တာဒေါ်လဲ့လဲ့မော်သည် တင်ဒါစည်းကမ်းနှင့် မညီဘဲ ကုမ္ပဏီများသို့ လုပ်ငန်းလုပ်ခွင့်များချထားပေးမှုများကို တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်က စိစစ်တွေ့ရှိထားကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနေထူးအောင်က ပြောသည်။ 
ထားဝယ်မြို့နယ် ခြင်းလုံးအားကစားရုံ တည်ဆောက်ခြင်း၊ ပုလောမြို့တော်ခန်းမ တည်ဆောက်ခြင်း၊ နေပြည်တော် အစိုးရတိုင်းဧည့်ရိပ်သာ တည်ဆောက်ခြင်း လုပ်ငန်းများတွင် စာရင်းစစ်ချုပ်က စစ်ဆေးနိုင်ခြင်းမရှိသည့် လုပ်ငန်းများအဖြစ် ပါဝင်လာကြောင်း သိရှိရသည်။ 

“ကျနော်တို့က ၂၀၁၆ - ၂၀၁၇ ဒုတိယ ၆ လ ဘဏ္ဍာရေးနှစ်မှာ တိုင်းစာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာပေါ် မူတည်ပြီး ဆွေးနွေးကြတာ ဖြစ်တယ်။ ဒီအစီရင်ခံစာထဲမှာ ထားဝယ်မြို့နယ် ခြင်းလုံးအားကစားရုံ ၊ ပုလောမြို့တော်ခန်းမ ဆောက်လုပ်ရေးလုပ်ငန်း ၊ နေပြည်တော်က အစိုးရ တိုင်းဒေသကြီး ဧည့်ရိပ်သာ ဆောက်လုပ်ခြင်း လုပ်ငန်းတွေက အရင် နမဝ ပုံမှန်အစည်းအဝေးပွဲမှာ တိုင်းစာရင်းချုပ် တင်တဲ့ အစီရင်ခံစာမှ စစ်ဆေးနိုင်ခြင်းမရှိတဲ့ လုပ်ငန်းစာရင်းထဲမှာ ပါတယ်။ သူဆိုလိုချင်တာက ခန့်မှန်းခြေငွေစာရင်းမတင်ပြနိုင်သလို သူ စာရင်းအနှစ်ချုပ်နဲ့ အတူ ဒီလုပ်ငန်း ၃ ခု ကို မစစ်ဆေးနိုင်ဘူးဆိုပြီး အစီရင်ခံစာထဲမှာ ပါတယ်” ဟု ဒေါက်တာနေထူးအောင်က ပြောသည်။ 

တနင်္သာရီတိုင်းလွှတ်တော်က ပြန်လည်စစ်ဆေးရန် တိုင်းအစိုးရ ညွှန်ကြားသောအခါ အစိုးရ၏ လုပ်ပိုင်ခွင့်ဖြစ်သဖြင့် တင်ဒါခေါ်စရာမလိုဟု ပြန်လည်တုံ့ပြန်ကြောင်း သိရှိရသည်။ 

“ထားဝယ်မြို့နယ် ခြင်းလုံးအားကစားရုံက အပိုင်း ၅ ၊ ၆ ပေးထားတယ်ဆိုတော့ တင်ဒါခေါ်စရာမလိုဘူး။ ဒီဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းအရ ၁၀ သန်းအောက်ဆိုရင် တင်ဒါခေါ်စရာမလိုဘဲ ပေးလို့ရတယ် ဆိုပြီး သူက ဆိုထားတာကိုး။ ထားဝယ်မြို့နယ် ခြင်းလုံးအားကစားရုံကိုပေးထားတဲ့ ကုမ္ပဏီက ပုလောမြို့နယ်ခန်းမကို ဆောက်လုပ်ထားတာက အကြမ်းအားဖြင့် သန်း ၅၀ ကျော်တယ်။ အဲဒါက တင်ဒါခေါ်ယူရမှာ။ တင်ဒါခေါ်ရမှာကို သူက အခြေအနေအရ ဆိုပြီး သူက တင်ဒါမခေါ်ဘူးပေါ့။ အဲ့ဒါတွေက ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ရာရောက်တယ်လေ။ ဒီလုပ်ငန်းလည်း Gospal Green ကုမ္ပဏီပဲ။ ပြီးတော့ ဒီလုပ်ငန်းကလည်း သူတို့ရဲ့အစိုးရအဖွဲ့ရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ဒီလုပ်ငန်း နှစ်ခုစလုံးကို ဒီကုမ္ပဏီတစ်ခုတည်းကို ပေးထားတယ်။ ပေးထားပြီး ဒီစီမံကိန်းကို တည်ဆောက်တော့ဆောက်တယ်။ စီမံကိန်းပြီးသွားတဲ့အချိန် သူကတိုင်းပြည် အပေါ် ခန့်မှန်းခြေမတင်ဘူး။ လုပ်ငန်းစပြီး ၇ လကြာမှ ခန့်မှန်းခြေ စတင်တာ။ ဆိုလိုတာက ဆောက်တာတော့ ဆောက်လိုက်တယ်။ လုပ်ငန်းပြီးမှပဲ ခန့်မှန်းခြေစရိတ် သွားတင်တယ် ဆိုတော့ ဘယ်လိုနည်းလမ်းမှ မဖြစ်နိုင်တဲ့ ကိစ္စတွေဖြစ်တယ်။ ဒါတွေက ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းနဲ့ တော်တော်လေးကို လွဲနေတယ်” ဟု ဒေါက်တာနေထူးအောင် က ပြောသည်။ 

အလားတူ နေပြည်တော်တွင် တိုင်းဒေသကြီး ဧည့်ရိပ်သာ တည်ဆောက်ရာတွင်လည်း သိန်းမြန်မာကုမ္ပဏီသို့ စည်းမျဉ်းစည်းကမ်းနှင့်မညီဘဲ လုပ်ခွင့်ပေးထားမှုရှိကြောင်း သိရှိရသည်။ 

“နေပြည်တော်ဧည့်ရိပ်သာကိစ္စလည်း အဲဒီလိုပဲ။ ဒါနဲ့ပတ်သက်ပြီး တင်ဒါခေါ်ထားတယ်လို ပြောတယ်။ ဒီမှာလည်း သူက တင်ဒါကလည်း သိန်းမြန်မာကုမ္ပဏီပဲ။ သိန်းမြန်မာကုမ္ပဏီဆိုတာ ဟိုကုမ္ပဏီနဲ့အတူတူပဲ။ ဒီကုမ္ပဏီတစ်ခုပဲ အဲဒီလိုမျိုး လုပ်ပိုင်ခွင့်ပေးထားတာ။ ဒီလုပ်ငန်းပြီးသွားတဲ့အထိ တိုင်းပြည်အပေါ် ခန့်မှန်းခြေစရိတ် တင်တာတွေ မရှိဘူး။ လုပ်ငန်းပြီးမှပဲ တင်တယ်။ တိုင်းပြည်အပေါ် အတည်ပြုထားတာက ၅ လနဲ့ ၄ ရက် အကြာ အတည်ပြုထားတယ်။ တင်ဒါစည်းမျဉ်းစည်းကမ်းတွေ၊ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းတွေ မရှိဘူး” ဟု ဒေါက်တာနေထူးအောင်က ဆိုသည်။ 

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်ပြီး လွှတ်တော်ကိုယ်စားလှယ်များ အားလုံး တနင်္သာရီတိုင်းအစိုးရအဖွဲ့၏ လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်သော လုပ်ဆောင်မှုများအတွက် လက်မှတ်ရေးထိုး၍ နိုင်ငံတော်အတိုင်ပင်ခံနှင့် သမ္မတထံ တိုင်ကြားမှုများ လုပ်ဆောင်ထားကြောင်း လည်းသိရှိရသည်။ 

ဆွေးနွေးချက်တွေကို အတည်ပြုတာတော့ ရှိတယ်၊ တိုင်းလွှတ်တော်ကတော့။ ကျနော်တို့ကတော့ စာရင်းစစ်အဖွဲ့လည်း အကြုံပြုတယ်၊ အစိုးရအဖွဲ့ကိုလည်း ဒီဆွေးနွေးချက်တွေကို အကြုံပြုတင်ပြမယ်ဆိုတဲ့စာတွေ ပါတယ်လေ။ လွှတ်တော်မှ ဆွေးနွေးတဲ့ဟာတွေတော့ လွှတ်တော်မှာ မှတ်တမ်းဝင်ယူရင် အစိုးရအဖွဲ့ကနေ ဆောင်ရွက်ရမယ့်အပိုင်းတွေ ရှိတယ်။ ဆွေးနွေးတဲ့ ဆောင်ရွက်ချက်အပေါ် ဒီလုပ်ငန်း ၃ ခုစလုံးက ဒီကုမ္ပဏီတစ်ခုတည်းနဲ့ လုပ်ထားတာမို့ ဒီလုပ်ငန်းပြန်လည်စုစည်းဖို့ Third ပါတီ အင်ဂျင်နီယာအဖွဲ့က ပြန်လည်စစ်ဆေးဖို့ အကြံပြုဆွေးနွေးထားတာ ရှိတယ်။ လုပ်၊ မလုပ်တော့ လွှတ်တော်ကနေ စောင့်ကြည်ရမှာပေါ့။ 

Khit Thit Media

0 comments:

Post a Comment