Monday, February 4, 2019

အမေရိကန်တွင် နေအိမ်တလုံးပေါ် လေယာဉ်ပျက်ကျ၊ ၅ ဦး သေ



အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အောရင့်ဂ်ျကောင်တီမှာ ဖေဖော်ဝါရီလ ၃ ရက်နေ့က နေအိမ်လုံးပေါ်ကို လေယာဉ်ငယ်တစီး ပျက်ကျခဲ့တာကြောင့် လူ ၅ ဦး သေဆုံးခဲ့တယ်လို့ အောရင့်ဂ်ျကောင်တီ မီးသတ်တပ်ဖွဲ့ကိုကိုးကားပြီး NBC သတင်းဌာနက အစီရင်ခံပါတယ်။ 
သေဆုံးသူတွေကတော့ လေယာဉ်မောင်းတဦးနဲ့ နေအိမ်ရှိ လူ ၄ ဦးတို့ ဖြစ်ကြပါတယ်။ 

လေယာဉ်ပျက်ကျခဲ့တဲ့ ယော်ဘာလင်ဒါ ဆင်ခြေဖုံးမြို့ရှိ နေအိမ်တလုံးခေါင်မိုးအပေါက်ကနေ မီးခိုးတွေ ထွက်နေပုံကို ဝေဟင်ကနေ မြင်တွေ့ရပါတယ်။ 

မျက်မြင်တဦးက ပေါက်ကွဲသံကြားပြီးနောက် လမ်းပေါ်ကို လေယာဉ်အင်ဂျင် လိမ့်ဆင်း လာတယ်လို့ ပြောပါတယ်။ 

တခြားတဦးကလည်း လေယာဉ်ပျက်ကျချိန် နေအိမ်ထဲမှာ အိမ်ရှင်တွေအပြင် တခြား လူတွေပါ ရှိနေတယ်လို့ဆိုပါတယ်။ 

တာဝန်ရှိသူ တဦးကတော့ “ရေဒါအချက်အလက်တွေအရ လေယာဉ်ဟာ ဘယ်ဘက်ကို ကွေ့ပြီးနောက် ပေ ၇,၈၀၀ အမြင့်ကို ပျံတက်ခဲ့တယ်။ ၁၀ မိုင်လောက် ပျံသန်းပြီးနောက်မှာ လူနေရပ်ကွက်ရှိရာကို အမြန် ထိုးဆင်းခဲ့တယ်” လို့ သတင်းထောက်တွေကို ပြောခဲ့ပါ တယ်။


DVB

0 comments:

Post a Comment