Monday, February 4, 2019

ပုပ်ရဟန်းမင်းကြီး သမိုင်းဝင် ပင်လယ်ကွေ့ရီးစဉ်အဖြစ် ယူအေအီးရောက်ရှိ


ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ သမိုင်းဝင် ပင်လယ်ကွေ့ခရီးစဉ်အဖြစ် ဖေဖော်ဝါရီ ၃ ရက်နေ့က အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးကို ရောက်ရှိလာခဲ့ပါတယ်။ 
ဖရန်စစ်ဟာ အာရေဗျကျွန်းဆွယ်ကို ပထမဆုံးလာရောက်တဲ့ ပုပ်ရဟန်းမင်း ဖြစ်ပါတယ်။ မြို့တော် အဘူဒါဘီကို မလာရောက်ခင် ဖရန်စစ်က ယီမင်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူသားချင်းစာနာမှု ဆိုင်ရာ အကျပ်အတည်းတွေအတွက် များစွာစိုးရိမ်မိတယ်လို့ ပြောပါတယ်။ 

ငြိမ်းချမ်းရေး သဘောတူညီချက်ရဖို့အတွက် သက်ဆိုင်သူအားလုံး ကြိုးပမ်းကြဖို့နဲ့ သန်းနဲ့ချီတဲ့ ဆာလောင်သူတွေကို အကူအညီတွေ ပေးကြဖို့ကိုလည်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းပါတယ်။ 

ရောက်ရှိလာတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ကို အဘူဒါဘီ အိမ်ရှေ့မင်းသားက ကြိုဆိုနှုတ်ဆက်ပြီး အဲဒီနောက်မှာတော့ အီဂျစ်နိုင်ငံ အာအက်ဇာဗလီကျောင်းတော် ဘာသာရေး ဆရာနဲ့ ပုပ်ရဟန်းမင်းကြီးတို့ တွေ့ဆုံပါတယ်။ 

ခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးဟာ မွတ်စလင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး ကတ်သလစ်ဘာသာဝင် ၁၂၀,၀၀၀ တိုနဲ့အတူ လေဟာပြင် ၀တ်ပြုဆုတောင်းပွဲ ကျင်းပမှာ ဖြစ်ပါတယ်။ 

ဒီခရီးစဉ်ဟာ ခရစ်ယာန်နဲ့ မွတ်စလင်ဘာသာကြီး နှစ်ခုအကြား သမိုင်းဝင်ဆက်ဆံရေး ကဏ္ဍသစ် ဖွင့်လှစ်နိုင်မယ်လို့ ပုပ်ရဟန်း မင်းကြီးက ပြောခဲ့ပါတယ်။

DVB

0 comments:

Post a Comment