Tuesday, February 26, 2019

မောင်​​တောခရိုင်တွင် တက္ကသိုလ်ဝင်စာ​မေးပွဲအား ​စာစစ်​ဌာန ၇ ခုဖွင့်လှစ်​ စစ်​​ဆေးမည်



၂၀၁၈-၁၉ ပညာသင်​နှစ်​ တက္ကသိုလ်​၀င်​ စာ​မေးပွဲကို မောင်​​တောမြို့နယ်​မှာ​ စာစစ်​ဌာန ၇ ခု ဖွင့်လှစ်​​ဆေးသွားမယ်လို့ မောင်​​တောခရိုင်​ပညာ​ရေးမှူးရုံး ဦးခင်​​အောင်​က​ ပြောပါတယ်​။ 
မောင်​​တောမြို့မှာ စာစစ်ဌာန ၂ ခု ဘူသီး​တောင်​မြို့မှာ ၅ ခု ဖွင့်​လှစ်​စစ်​​ဆေး သွားမှာ ဖြစ်ပြီး ​လျောက်လွှာတင်​ထားတဲ့ ​ကျောင်းသူ/သား ဦး​ရေက ​​မောင်​​တောမှာ ၁၁၅၅ ဦး ​ဘူးသီး​တောင်​မြို့မှာ ၁၈၅၁ ဦး စုစုပေါင်း မောင်​​တောခရိုင်​တ​ခုလုံးမှာ ၃၀၀၆ ဦး​ရှိတယ်​လို့ လည်း ပြောပါတယ်​။ 

အရင်​ ၂၀၁၆-၁၇ ပညာသင်​နှစ်​မှာ ​မောင်​​တောမြို့မှာ​ တက္ကသိုလ်​၀င်​ စာ​မေးပွဲ စာစစ်ဌာန ၃ ခုဖွင်​လှစ်​ စစ်​​ဆေးခဲ့​ပေမယ့်လည်း ၂၀၁၇ ခုနှစ် အကြမ်းဖက်​မှုအပြီး ​နံသာ​တောင်​ စာစစ်​ဌာနကို မြို့​ပေါ်မှာပေါင်းစစ်​​ဆေး​နေတာပါ။ အခု ၂၀၁၈-၁၉ နှစ်မှာလည်း နံသာ​တောင်​ စာစစ်​ဌာနကို ​မောင်​​တောမြို့မှာပဲ ​ပေါင်းစစ်​​ဆေးမယ်လို့ သိရပါတယ်​။ 

၂၀၁၈-၁၉ ပညာသင်​နှစ်မှာ​ မောင်​​တောမြို့နယ်​အတွင်း တက္ကသိုလ်​၀င်​ စာ​မေးပွဲကို ​​ကျောင်းသား/သူ ၁၁၅၅ ဦး ​လျှောက်လွှာတင်သွင်းထားပါတယ်​။ 

၂၀၁၆-၁၇ ပညာသင်​နှစ်မှာ ​မောင်​​တောမြို့နယ်​မှာ တက္ကသိုလ်​၀င်​ စာ​မေးပွဲကို ​​ကျောင်းသား/သူ ၂၀၅၂ ဦး ​လျှောက်လွှာတင်​သွင်းခဲ့ပြီး ၂၀၁၇-၁၈ ပညာသင်​နှစ်မှာ​ ​ ဦး​ရေ ၈၇၉ ဦးသာရှိခဲ့ပါတယ်​။ 


ဗညား
DVB 


0 comments:

Post a Comment