Monday, February 4, 2019

မန္တလေးမှာ အင်းရေလုံးပေါက်ပြီး ရွှေလုပ်သား ၅ ဦး ပိတ်မိနေ


မန္တလေးတိုင်းဒေသကြီး ၊ စဉ့်ကူးမြို့နယ် ငါးပြားပေးကျေးရွာတွင် “အောင်ကိုသူ ကုမ္ပဏီ” မှ လုပ်ကိုင်လျက်ရှိနေသည့် ရွှေအင်း၌ ဖေဖေါ်ဝါရီ ၄ ရက်နေ့ မွှန်းလွဲပိုင်းက အင်းရေလုံးပေါက်ပြီး ရွှေလုပ်သား ၅ ဦး ပိတ်မိနေသည်။ 
၎င်းတို့ကို ကယ်ဆယ်နိုင်ရေး ရှာဖွေမှုများကို ယနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက် ၁၁ နာရီထိ ပြုလုပ်နေခြင်း ဖြစ်သော်လည်း တွေ့ရှိခြင်း မရှိသေးပေ။ 

မြေအောက်တွင်းတူ၍ ရွှေရှာဖွေရသော ထိုလုပ်ငန်းမှာ တွင်းအနက်ပေ ၂၀၀ နီးပါး ရှိနေသည်။ ထိုတွင်းထဲသို့ ရေများ ဝင်ရောက်လာခြင်းကြောင့် ပိတ်မိခဲ့ခြင်း ဖြစ်သည်။ 

"အခုလောလောဆယ်တော့ ရေစုတ်ထုတ်နေတယ်။ ပန့်(ရေစုတ်စက်)လေးလုံးနဲ့ ရေစုတ်ထုတ်နေတယ်။ ပေက ၁၅၀ လောက်ကျန်သေးတယ်။ အောက်မှာက လူ ငါးယောက်ပိတ်နေတယ်။ ကျွန်တော်တို့ လူ ပြန်လည်ကယ်ဆယ်ဖို့ လုပ်နေပါတယ်။ ဒီနေ့ညနေလောက်တော့ ကယ်နိုင်မယ်လို့ ခန့်မှန်းထားတယ်။" ဟု ကယ်ဆယ်ရေးပြုလုပ်နေသည့် စဉ့်ကူးမြို့နယ်၊ နွယ်ရုံ ရဲကင်းမှ ရဲအုပ် ဇင်ဝင်းထွန်းက မဇ္ဈိမကို ပြောသည်။ 

ရှာဖွေမှုကို ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုကယ်ဆယ်ရေး ပရဟိတအသင်းများ ပူးပေါင်း၍ လုပ်ဆောင်လျက်ရှိနေသည်။ 

ရွှေအင်းကျွမ်းကျင်သူတစ်ချို့၏ အဆိုအရ ယခုလို အင်းရေးလုံးပေါက်လျှင် ပေါက်ပေါက်ခြင်း ပြန်လည် တွင်းပေါ်တ က်နိုင်မှသာ အသက်ဘေးက လွတ်မြောက်နိုင်ပြီး မတက်နိုင်ပါက အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေရှိသည်ဟု မဇ္ဈိမသို့ သဘောထား မှတ်ချက်ပြုသည်။ 

ထိုသို့ အင်းရေပေါက်မှုနှင့်ပတ်သက်ပြီး ကုမ္ပဏီဘက်မှ ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။ 

(ဓာတ်ပုံ၊ပုည)
Mizzima - News in Burmese

0 comments:

Post a Comment