Thursday, February 21, 2019

မယ်စကြာဝဠာဆုရှင် ဖိလစ်ပိုင်နိုင်ငံသူကို မြို့တော် မနီလာတွင် ဂုဏ်ပြုကြိုဆို


၂၀၁၈ မယ်စကြဝဠာဆုရှင် နိုင်ငံ့ဂုဏ်ဆောင် ဖိလစ်ပိုင်နိုင်ငံသူ ကတ်ထရီယိုနာ ဂရေးကို ဖေဖော်ဝါရီ ၂၁ ရက်နေ့က မြို့တော် မနီလာမှာ ဂုဏ်ပြုကြိုဆိုခဲ့ပါတယ်။ 
ထောင်နဲ့ချီတဲ့ ပရိသတ်တွေဟာ ယာဉ်တန်း တဖက်တချက်မှာ တန်းစီစောင့်ဆိုင်းပြီး အသက် ၂၅ နှစ်အရွယ် ကတ်ထရီယိုနာကို ကြိုဆိုခဲ့တာပါ။ 

ကတ်ထရီယိုနာဟာ သြစတြေးလျ-ဖိလစ်ပိုင် ကပြား မော်ဒယ်တဦးဖြစ်ပြီး စတုတ္ထမြောက် ဖိလစ်ပိုင်နိုင်ငံသူ မယ်စကြဝဠာဆုရှင်လည်း ဖြစ်ပါတယ်။ 

ဖိလစ်ပိုင်နိုင်ငံသူတွေဟာ ၁၉၆၉၊ ၁၉၇၃ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ မယ်စကြဝဠာ သရဖူကို ဆွတ်ခူးဖူးတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

DVB

0 comments:

Post a Comment