Monday, February 4, 2019

ဇန်န၀ါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၃ ရက်နေ့ထိ မိုင်နှုန်းပိုမောင်းယာဉ် ၁၁၂၈ စီးကို အရေးယူ


ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ဇန်န၀ါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၃ ရက်နေ့ထိ မိုင်နှုန်းပိုမောင်းယာဉ် ၁၁၂၈ စီးကို အရေးယူ ဆောင်ရွက်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 
ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၆ နာရီမှ ၃ ရက်နေ့ ညနေ ၅ နာရီအချိန်ထိ ရန်ကုန်-မန္တလေးအမြန်လမ်း(၂၀၁)မိုင် နေပြည်တော်တိုးဂိတ်၌ သတ်မှတ်မိုင်နှုန်းထက်ပိုမိုမောင်းနှင်သော မော်တော်ယာဉ်(၁၈)စီး၊ လှည်းကူးမြို့နယ် အမှတ်(၃)လမ်းဆုံ တိုးဂိတ်၌ မော်တော်ယာဉ်(၅)စီး၊ ဖြူးမြို့နယ် ဖြူးတိုးဂိတ်၌ မော်တော်ယာဉ်(၁၃)စီး၊ တံတားဦးမြို့နယ် စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ် (၁၁)စီး၊ မိတ္ထီလာမြို့နယ် သီးကုန်းတိုးဂိတ်၌ မော်တော်ယာဉ်(၂)စီး၊ စုစုပေါင်း (၄၉)စီး ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်းတရားရုံးများသို့ တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်းနှင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော ယာဉ်(၁၁၂၈)စီး ဖမ်းဆီးအရေးယူခဲ့သည်။ 

အလားတူ ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၆ နာရီမှ ၃ ရက်နေ့ ညနေ ၅ နာရီအချိန်ထိ ရန်ကုန်-မန္တလေး အမြန်လမ်း တံတားဦးမြို့နယ် စကားအင်းတိုးဂိတ်၌ ခါးပတ်မပတ်ဘဲမောင်းနှင်သော မော်တော်ယာဉ် (၁)စီးအား ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်း တရားရုံးသို့ တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်းနှင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ ခါးပတ်မပတ်ဘဲ မောင်းနှင်သော ယာဉ် ၂၀ စီး ဖမ်းဆီးအရေးယူခဲ့ကြောင်းလည်း သိရသည်။ 

Credit - မြန်မာနိုင်ငံရဲတပ်ဖွဲ့ 
The Ladies News 

0 comments:

Post a Comment