Monday, February 4, 2019

အိန္ဒိယအစိုးရကို ဆန့်ကျင်နေသောလက်နက်ကိုင်အဖွဲ့များအား နေထိုင်ခွင့်ပြုသည့် NSCN-K ကို အရေးယူမည်ဟု တပ်မတော်ထုတ်ပြန်



စစ်ကိုင်းတိုင်းဒေသကြီး အစိုးရနှင့် အပစ်အခတ်ရပ်စဲထား သည့် နာဂလက်နက်ကိုင်အဖွဲ့ (NSCN-K) သည် အိန္ဒိယနိုင်ငံ ကို ဆန့်ကျင်နေသည့် တရားမ ဝင်လက်နက်ကိုင်အဖွဲ့အချို့အား နာဂဒေသ၌ နေထိုင်ခွင့်ပြုထား ကြောင်း ဖော်ထုတ်ရရှိ၍ NSCN- K အား အရေးယူမည်ဟု တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။ 
မြန်မာနိုင်ငံအနေဖြင့် အိမ်နီး ချင်းနိုင်ငံနှင့်ပတ်သက်သည့် အစိုး ရအသီးသီးအား ဆန့်ကျင်နေ သည့် မည်သည့်လက်နက်ကိုင် အဖွဲ့ကိုမဆို အခြေချနေထိုင်ခွင့် မပြုကြောင်း မူဝါဒကို လက်ကိုင် ထားပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသအတွင်း တစ်ဖက်အိန္ဒိယ နိုင်ငံအပေါ် ဆန့်ကျင်နေသည့် မည်သည့်အဖွဲ့ကိုမျှ အခြေချနေ ထိုင်ခွင့်ပြုမည်မဟုတ်ကြောင်း ဖေဖော်ဝါရီ ၃ ရက်စွဲဖြင့် တပ်မ တော်ထုတ်ပြန်ချက်၌ ပါရှိသည်။ 

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ တကားကျေးရွာအနီးတစ် ဝိုက်ရှိ NSCN(K)စခန်းနှင့် အနီး ပတ်ဝန်းကျင်နေရာများ၌ အာသံ နှင့် ကသည်းလက်နက်ကိုင် သောင်းကျန်းသူအဖွဲ့အချို့သည် NSCN(K) အဖွဲ့အသွင်ဖြင့် ဖြန့် ခွဲအခြေပြုနေပြီး စစ်သင်တန်း များဖွင့်လှစ်ဆောင်ရွက်လျက်ရှိ နိုင်ကြောင်း အထောက်အထား များအရ တပ်မတော်စစ်ကြောင်း များသည် ဇန်နဝါရီ ၂၉ ရက်တွင် အဆိုပါဒေသသို့ သွားရောက်ရှင်း လင်းခဲ့ရာ စခန်းသုံးခုနှင့် သင်တန်း ကျောင်းနေရာနှစ်ခု၊ ယာယီအခြေပြုနေရာတစ်ခုအား သိမ်းပိုက်ရရှိခဲ့ကြောင်း ဖော်ပြထားသည်။ 

ထို့ပြင် NSCN-K အဖွဲ့ဝင် ခြောက်ဦး၊ ကသည်းသောင်းကျန်းသူနှစ်ဦးအပါအဝင် လက်နက် ငယ်မျိုးစုံ ၁၁ လက်နှင့် ခဲယမ်း များ၊ ကသည်းနှင့် အာသံသောင်း ကျန်းသူများ နေထိုင်ခဲ့သည့် အ ထောက်အထားများ၊ စာရွက်စာ တမ်းများကို သိမ်းဆည်းရမိ ကြောင်း တပ်မတော်က သတင်း ထုတ်ပြန်သည်။ 

NSCN-K အဖွဲ့အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် သဘောတူချုပ်ဆိုခဲ့သည့် ငြိမ်းချမ်းရေးတည်ဆောက်ရန် ပဏာမ သဘောတူညီချက်ပါ အချက်များအား ချိုးဖောက်ခဲ့ ကြောင်း တွေ့ရှိရ၍ ဆက်လက် အရေးယူဆောင်ရွက်မည်ဟု လည်း ဖော်ပြခဲ့သည်။ NSCN-K သည် တိုင်းဒေသကြီးအဆင့် အ ပစ်အခတ်ရပ်စဲရေးသဘောတူညီ ချက်ကို ၂၀၁၂ ဧပြီလက ချုပ်ဆို ထားသည်။ အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သည့် ခုနစ်နှစ်ခန့်အတွင်း အပစ်ရပ်စာချုပ်ကို ဖောက်ဖျက်ခဲ့ ခြင်းမရှိကြောင်း NSCN-K ငြိမ်း ချမ်းရေးဖော်ဆောင်ရေးကော်မ တီဥက္ကဋ္ဌ ဦးအန်ကန့်က ပြော သည်။ 

ထို့အပြင် အိန္ဒိယတပ်နှင့် NSCN-K အကြား တိုက်ပွဲဖြစ် ပွားမှုမရှိသည်မှာလည်း ကြာမြင့် နေပြီး တိုက်ပွဲရှိခဲ့ပါကလည်း အိန္ဒိယနှင့် NSCN-K အကြား ပြဿနာသာဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

လတ်တလောဖြစ်ပွားသည့် ဖြစ်စဉ်များနှင့်ပတ်သက်ပြီး နယ် မြေခံတပ်နှင့် NSCN-K အကြား ဆက်သွယ်ဖြေရှင်းမှုများ ရှိ ကြောင်း ဦးအန်ကန့်က ပြော သည်။ 

‘‘အဓိကကတော့ ကျွန်တော် တို့ဒေသအေးချမ်းဖို့၊ ဒီဒေသဖွံ့ ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ကြဖို့ အဲဒါပဲ ပြောနေကြတာ’’ဟု ၎င်း က ပြောသည်။ 


ဇန်နဝါရီလ ၂၉ ရက်က စ၍ NSCN-K ဌာနချုပ် တကားစခန်း သို့ တပ်မတော်က နေရာဝင်ရောက် လာယူထားသည်ဟု NSCN-K က ပြောသည်။ အင်အား ၄၀၀ ခန့်ရှိသည့် တပ်မတော်စစ်ကြောင်း များ လာရောက်ခြင်းကြောင့် ၎င်းတို့တပ်ဖွဲ့များကို အခြားနေရာသို့ ရွှေ့ထားကြောင်း အဖွဲ့ပြောရေး ဆိုခွင့်ရှိသူ ဦးကျော်ဝမ်းစိန်က ပြောကြားထားသည်။ ထို့ပြင် NSCN-K ဌာနချုပ်သို့ တပ်မတော်က ဝင်ရောက်နေရာယူထားမှုကို ရုပ်သိမ်းပေးရန် အစိုးရနှင့် တပ်မတော်ခေါင်းဆောင်များထံ မေတ္တာရပ်ခံထားသည်ဟု ၎င်းက ဆို သည်။

7Day 

0 comments:

Post a Comment