ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကေတုမတီ မြို့သစ်မြို့တွင် ဖြစ်ပွားခဲ့သော လူမြင်ကွင်းတွင် လင်မယားနှစ်ဦးအား ရိုက်သတ်ခဲ့သည့် နှစ်လောင်းပြိုင် လူသတ်မှုမှာ မြေဂရန် သက်တမ်းတိုးရန် ဂရန်မိတ္တူနှင့် မှတ်ပုံတင်မိတ္တူ သွားတောင်းရာမှ စကား အခြေအတင်များကာ ဖြစ်ပွားခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကေတုမတီမြို့သစ်မြို့ ရန်ကုန် - မန္တလေး လမ်းဟောင်းဘေးရှိ မင်းကြီးဆွေရပ်ကွက်တွင် နေထိုင်သည့် ရဲဝင်း (ဘ) ဦးတိုးကြည်ထံမှ ၀ယ်ယူထားသော ခြံကို ဂရန်သက်တမ်းတိုးရန်အတွက် အသတ်ခံရသည့် လင်မယား နှစ်ဦးနှင့် သမီးဖြစ်သူမှ ဖေဖေါ်ဝါရီလ ၂၁ ရက် နံနက်ပိုင်းက လာရောက်တောင်းယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ တောင်းခံရာမှ စကားအခြေအတင်များကာ ရဲဝင်းနှင့် ၎င်း၏ဖခင်ဖြစိသူ တိုးကြည်တို့မှ လမ်းမီးတိုင် ကြေသီးဖြင့် မသေမ ချင်း ထုသတ်ခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူများမှာ ရန်ကုန်တိုင်းဒေသကြီး စမ်းကြောင်းမြို့နယ်၊ (၃)ရပ်ကွက် ၊ ပုသိမ်လမ်းတွင် နေထိုင်သည့် ဦးစိုးလင်းသန်း (ဘ) ဦးသန်းနှင့် ၎င်း၏ ဇနီး ဒေါ်ချာစုစုလင်း (ဘ) ဦးစိုးမြင့်တို့ဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ပွားချိန်တွင် သေဆုံးသူနှစ်ဦးနှင့် သမီးငယ်ပါ ပါရှိပြီး သမီးငယ်ဖြစ်သူနှင့် ဘေးပတ်ဝန်းကျင်မှ တားမြစ်ခဲ့သော်လည်း သမီးဖြစိသူကိုပါ လိုက်လံရိုက်နှက်ခဲ့သဖြင့် သမီးဖြစ်သူမှာ ထွက်ပြေးလွတ်မြောက်သွားသော်လည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့ ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကေတုမတီ မြိုသစ်မြို့နယ်မြေ ရဲစခန်းမှ ရဲဝင်းနှင့် တိုးကြည်တို့ သားအဖ ၂ ဦးကို (ပ) ၂၉/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၂၅/ ၁၁၄ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။
Akon Thi
0 comments:
Post a Comment