Thursday, February 21, 2019

ကုလသမဂ္ဂအထွေထွေညီလာခံတွင် မဲခွဲဆုံးဖြတ်ခံရအောင် သတင်းအမှားများလုပ်ကြံဖန်တီးသည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအား တရားစွဲမည်



ကုလသမဂ္ဂအထွေထွေညီလာခံတွင် မဲခွဲဆုံးဖြတ်ခံရအောင် သတင်းအမှားများ လုပ်ကြံဖန်တီးခဲ့သည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအား တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဇေယျာသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်းကပြောသည်။
“အစီရင်ခံစာပေါ်မူတည်ပြီးတော့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တွေ ကုလသမ္မက အထွေထွေညီလာခံမှာ မဲခွဲဆုံဖြန်ခံရတာတွေဟာ ဒီနိုင်ငံရဲ့ ဂုဏ်သိက္ခာကို အင်မတန်မှ ထိခိုက်ပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ဒီလိုဖြစ်အောင် သတင်းမှားတွေ မျိုးစုံလုပ်ကြံဖန်တီးပြီးတော့ မဟုတ်မမှတ်လုပ်ကြံဖန်တီးတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေ နိုင်ငံ တွေကို တရားပြန်စွဲပါမယ်။ တရားပြန်စွဲနိုင်အောင်လည်းပဲ တချို့ အချက်အလက်တွေ ရထားပြီးဖြစ်ပါတယ်”ဟု ဦးလှဌေးဝင်း ကပြောသည်။

ယနေ့ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခေတ္တနားချိန်တွင် သတင်းမီဒီယာများ၏မေးမြန်းမှုအပေါ် ဦးလှဌေးဝင်းမှ အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

တရားစွဲဆိုရာတွင် တရားဥပဒေအရ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မည့် မိတ်ဆွေများလည်း ပါဝင်ကြောင်း ဦးလှဌေးဝင်း ကပြောသည်။

ဦးလှဌေးဝင်းမှ ၀ါသနာတူ ဥပဒေပညာရှင်များ၊ နိုင်ငံရေးပညာရှင်များ၊သုတေသနပညာရှင်များပါဝင်သည့် တာဝန်သိမြန်မာနိုင်ငံသားများအဖွဲ့များအဖွဲ့ ကိုဖွဲ့စည်းထားကြောင်း သိရသည်။

“တို့ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေသွားတုန်းက ထွက်ဆိုထားတဲ့ သက်သေတွေကိုလည်း လျှို့ဝှက်ပေးထားပါတယ်။ သူတို့ လုံခြုံရေးအတွက် ။တို့ နိုင်ငံထဲက နိုင်ငံသားဖြစ်နေသေးတဲ့ သူဆိုရင် တရားရုံးမှာ တရားစွဲလို့ရတယ်။ တို့နိုင်ငံသားကနေ နိုင်ငံခြားသား ခံယူသွားတဲ့ သူတွေကို တခြားပုံစံနဲ့ တရားစွဲလို့ရတယ်။ တိုင်းရင်းသားတွေ အသတခံရတဲ့ ကိစ္စတွေ ၊တိုင်းရင်းသားတွေ နစ်နာတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး တရားစွဲတဲ့ ပုံစံ မျိုးဖြစ်နေတယ်။ အဲ့ဒါမျိုးတွေက ကြီးကြီးမားမားဖြစ်နေတော့ ငွေရေးကြေးရေးသုံးရတဲ့ အတွက် အချိန်ယူရပါတယ်”ဟု ဦးလှဌေးဝင်းကပြောသည်။

MWD မှ အင်တာဗျူးလုပ်ထားသည့် အပေါ်တွင်လည်း ရိုဟင်ဂျာသတင်းဌာနတစ်ခုမှ စကားပြောသည့် အသံများအား ပြန်ပြင်လိုက်ပြီး ထုတ်လွင့်ခဲ့ကြောင်း သိရသည်။

“အဲ့ဒီမှာ တို့ ဆီက သတင်းကို စကားပြောတဲ့ အသံတွေကို ပြင်လိုက်ပြီးတော့ သူတိ့ ဆီမှာ ဒီရွာမှာ သတ်တာ တပ်မတော်ပါပဲ ဆိုပြီးသူတို့ အပြစ်မဖြစ်အောင် အဲ့ဒီလို မျိုးသတင်းအထောက် အထားတွေလည်း ရှိတယ်။ ဒီဟာတွေပေါ်မှာ တရားစွဲလို့ရပါတယ်”

ထို့ပြင် တရားစွဲဆိုရာတွင် လူပုဂ္ဂိုလ်များအား အမြန်ဆုံးထိရောက်အောင်စွဲဆိုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

The Fifth Wave News



0 comments:

Post a Comment