Tuesday, February 26, 2019

ဆေးရုံကြီးများတွင်လိုအပ်နေသည့် ပြန်လည်ပြုပြင်ခြင်းများနှင့် ပြန်လည်ဖြည့်တင်းပေးနိုင်ရေး ကို အမြန်ဆုံးအကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိ


ဆေးရုံကြီးများတွင် လိုအပ်နေသည့် ပြန်လည်ပြုပြင်ခြင်းများနှင့် ပြန်လည်ဖြည့်တင်းပေးနိုင်ရေးအတွက် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဖေဖော်ဝါရီ ၂၆ ရက်တွင်ပြောကြားသည်။ 
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် သင်္ကန်းကျွန်းမြို့နယ်၊ အမှတ်(၁) မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးကျော်(ခ) နေဘုန်းလတ်က လူမှုရေးနှင့် စီးပွားရေးကော်မတီက ခုတင်(၂၀၀) အထက် ဆေးရုံများသို့ ကွင်းဆင်း၍ လိုအပ်ချက်များအား လေ့လာအကြုံပြု ကူညီ ဆောင်ရွက်မှု ပြုလုပ်ခဲ့ရာ ဆေးရုံတစ်ချို့တွင် ဓာတ်လှေခါးများ ပျက်စီးယိုယွင်းနေမှုကို အချိန်မှီ ပြင်ဆင်နိုင်ခြင်းမရှိဘဲ ကြန့်ကြာမှုများ ကြုံတွေ့နေရ၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနင့် တစ်စုံတစ်ရာ ချိတ်ဆက်ဆောင်ရွက်ရန် အစီအစဉ်ရှိ ၊မရှိ မေးမြန်းမှုအားပြန်လည်ဖြေကြားပေးခဲ့ခြင်းဖြစ်သည်။ 

“ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခုတင်(၂၀၀) အထက် ဆေးရုံများသည် ဗဟိုအဆင့် ဆေးရုံကြီးများဖြစ်ပြီး အဆိုပါ ဆေးရုံကြီးများ၏ လိုအပ်များအား ကုသရေးဦးစီးဌာန နေပြည်တော်မှ တိုက်ရိုက် စီမံခန့််ခွဲပါသဖြင့် ဆေးရုံအုပ်ကြီးများမှလည်း ကုသရေးဦးစီးဌာန၊ နေပြည်တော်သို့ မိမိတို့ဆေးရုံကြီးများ၏ လုပ်ငန်းကိစ္စရပ်များအား တိုက်ရိုက်တင်ပြ ဆောင်ရွက်လျက်ရှိပါတယ်။ ယခုအခါ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆေးရုံကြီးများသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် လူမှုရေးနှင့် စီမံခန့်ခွဲရေး ကော်မတီ၏ ကွင်းဆင်း လေ့လာချက်များအရ အကြံပြုချက်များအရ ဓါတ်လှေခါး ပျက်စီးမှုများတင် မကပဲ ဆေးရုံကြီးများတွင် လိုအပ်လျက်ရှိသော အခြားလုပ်ငန်း ကိစ္စရပ်များအား ပြန်လည်ပြုပြင်ခြင်းများနှင့် ပြန်လည်ဖြည့်တင်း ပေးနိုင်ရန်အတွက် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဖြေဆို အပ်ပါတယ်။” ဟု လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။ 

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်၏ လမ်းညွှန်မှုနှင့်အညီ တိုင်းကျန်းမာရေး ဦးစီးဌာနမှူးက ဦးဆောင်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ လူမှုရေးနှင့် စီမံခန့်ခွဲရေး ကော်မတီမှ တင်ပြချက်များကို စီစစ်စေပြီး အမြန် အကောင်အထည်ဖော် ဆောင်ရွက်ရန် တိုက်တွန်းထားကြောင်း၊ ဆောင်ရွက်ပြီးစီးမှု များကိုလည်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ ပြန်လည်တင်ပြရန် စီစဉ်လျက်ရှိကြောင်း ၀န်ကြီး ဦးနိုင်ငံလင်းက ဆက်လက်ပြောကြားခဲ့သည်။ 

The Ladies News 
Crd: YGN Info

0 comments:

Post a Comment