ဂိတ်တစ်ဂိတ် ပိတ်ထားသည်ကို ဂိတ်အားလုံးပိတ်ထားသည်ဟု ရေးသားခဲ့သည့် သတင်းဌာနအချို့နှင့်လလူပုဂ္ဂိုလ်အချို့ကို တရားစွဲမည်ဟု ဇေကမ္ဘာကုမ္ပဏီ ယနေ့ရက်စွဲဖြင့် အထူးကြေညာချက် ထုတ်ပြန်ခဲ့သည်။
မင်္ဂလာဒုံဥယျာဉ်မြို့တော်နှင့် ရန်ကုန်စက်မှုဇုန်အတွင်းရှိ အမှတ် (၃) လမ်းမကြီး (Terminal ဆီဆိုင်ဂိတ်) မှ ရွှေပေါက်ကံစက်မှုဇုန် သို့ ဖြတ်သန်းနိုင်သောလမ်းမကြီးအား အများသူငှာ (အခမဲ့) ဖြတ်သန်းသွားလာနိုင်ရန် မူလအတိုင်း ဖွင့်လှစ်ထားပါသည် (အောက်ပါမြေပုံတွင် မျဉ်းလိုင်းအပြာဖြင့်ပြသထား ပါသည်။)
ခရေပင်လမ်း (ဂဝံမုဒ်ဦးဂိတ်) မှ အမှတ် (၇)လမ်းမကြီးသို့ ဖြတ်သန်းနိုင်သော လမ်းမကြီးအား အများသူဌာ (အခမဲ့) ဖြတ်သန်းသွားလာနိုင်ရန် မူလအတိုင်း ဖွင့်လှစ်ထားပါသည်။ (အောက်ပါမြေပုံတွင် မျဉ်းလိုင်းအပြာဖြင့်ပြသထား ပါသည်။)
ရွှေပေါက်ကံ အိမ်ရာဂိတ် မှ ရန်ကုန်စက်မှုဇုန်သို့ ဖြတ်သန်းသွားနိုင်သောဂိတ်တစ်ခုသာ စက်မှုဇုန်ကြားလမ်းဖြစ်ခြင်း ၊ အဓိကဝင်ထွက် လမ်းမကြီးများတွင် ယာဉ်များပိုမိုဖြတ်သန်း လာသဖြင့် ဥယျာဉ်မြို့တော်နှင့် ရန်ကုန်စက်မှုဇုန်အတွင်းနေထိုင်ကြသော ပြည်သူများ စိတ်အနှောက်ယှက်မဖြစ်စေရန်နှင့် လုံခြုံမှုပိုမိုရရှိရန်အတွက် လုံခြုံရေးဝန်ထမ်းများအား ပိုမိုအင်အားထက်တိုးထားရပါေ သာကြောင့် ကုမ္ပဏီမှခင်းထားသော လမ်းကြားဂိတ်(၁)ခုအားခေတ္တလမ်းလွှဲပိတ်ထားခြင်းသာဖြစ်ပါသ ည်။(အောက်ပါမြေပုံတွင် မျဉ်းလိုင်းအဝါ ဖြင့်ပြသထားပါသည်။
ထို့ကြောင့် ကုမ္ပဏီမှခင်းထားသောလမ်းမကြီးများအား ဖြတ်သန်းသွားလာနိုင်ရန် လမ်းများ ပုံမှန်အတိုင်း ဖွင့်လှစ်ထားသော်လည်း လူမှုကွန်ယက်တွင် ဂိတ်များအကုန်ပိတ်ထားသယောင် ရေးသားဖေါ်ပြချက်များသည် ကုမ္ပဏီ၏ ဂုဏ်သိက္ခာကိုထိခိုက်စေခြင်း ၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော် မတီနှင့် ကုမ္ပဏီတို့ ကြား နားလည်မှုလွှဲမှားအောင် ရေးသားမှုများ ဖြစ်ပေါ်နေပါ၍ ထိုကဲ့သို့ရေးသားနေသော သတင်းဌာနအချို့နှင့် ရေးသားသူများအားကုမ္ပဏီအနေဖြ င့် ယနေ့မှစ၍ တရားဥပဒေနည်းလမ်းအတိုင်း တရားစွဲဆိုသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
0 comments:
Post a Comment