Thursday, February 21, 2019

အစိုးရနှင့် SSPP တို့ တွေ့ဆုံ

Image may contain: one or more people and people sitting

နိုင်ငံတော်အစိုးရနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) ဒုက္ကဌ ဦးစ၀်ခွန်ဆိုင် ဦးဆောင်သည့် အဖွဲ့တို့သည် ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) တွင် တွေ့ဆုံမှုများပြုလုပ်လျှက်ရှိကြောင်း သိရသည်။
တွေ့ဆုံမှုတွင် အစိုးရဘက်မှ (NRPC) အဖွဲ့ဝင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ဗိုလ်ချုပ်ရာပြည့်၊ UPDJC အတွင်းရေးမှူး အဖွဲ့ဝင်များဖြစ်သည့် ဦးလှမောင်ရွှေနှင့် ဦးခင်ဇော်ဦး၊ နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးတို့ မှတက်ရောက်ခဲ့သည်။

တွေ့ဆုံမှုတွင် ပြည်ထောင်စုရှေ့နေချုပ်ဦးထွန်းထွန်းဦးမှ အမှာစကားပြောကြားရာတွင် “ဒီကနေ့ မှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရှမ်းပြည်တိုးတက်ရေးပါတီအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ကို ဒါပွင့်ပွင့်လင်းပွင့်လင်းလင်းနဲ့ဆွေးနွေးပေးဖို့ SSPP ရှမ်းပြည်တိုးတက်ရေးပါတီ ဘက်ကလည်း အခက်အခဲ များရှိတာ ကို ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးပေးဖို့”ဟု ၎င်း မှ အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့အတူ SSPP/ SSA ဒုက္ကဌ ဦးစ၀်ခွန်ဆိုင်မှလည်း NCA ကို ဆန့်ကျင်မှုမရှိကြောင်း၊ လက်ရှိတွင်အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများသည် ကောင်းမွန်လာကြောင်းပြောကြားခဲ့သည်။

“NCA ကနေပြီးတော့မှ သွားနေတဲ့ ဟာတွေက မှားနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့မှာ ငြိမ်းချမ်းရေးဆွေးနွေးလာတဲ့ အချက်ပေါ် မူတည်ပြီး မှ အခြေခံပြီးမှ ဖက်ဒရယ် ကပည်ထောင်စုနိုင်ငံတည်ထောင်ဖို့ လိုမယ်လို့ပြောဆိုပေမဲ့လည်းအခိုင်အမာ ဘယ်လို အဆင့်နဲ့ ကျွန်တော်တို့သွားမယ်။ စတဲ့ အဆင့်ဆင့်တွေမှာ ကျွန်တော်တို့ အခိုင်အမာ ဘယ်လိုသွားမယ်ဆိုတာကို သွား မဲ့ပုံသဏ္ဍန်တွေ လုပ်နည်းကိုင်နည်းတွေစသည်ဖြင့် ကျွန်တောတို့ ဆက်လက်ညှိနှိုင်းပြီးတော့မှ လုပ်သွားဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။ ယနေ့ အခြေအနေဟာ အများကြီးကောင်းတယ်လို့ယူဆပါတယ်။ စားပွဲဝိုင်းမှာ ကောင်းမွန်ဆွေးနွေးနိုင်လို့” ဟု ဦးစ၀်ခွန်ဆိုင်ကပြောသည်။

ထို့ပြင် SSPP/ SSA မှ တပ်မတော်အား ခြုံခိုတိုက်ခိုက်မှုများမလုပ်ဆောင်ကြောင်း၊မိဘပြည်သူများအားကျေးဇူးဆပ်သည့် အနေဖြင့် ဒေသဖွံဖြိုးရေးအတွက် လုပ်ဆောင်ပေးလျှက်ရှိကြောင်း ဦးစ၀်ခွန်ဆိုင်ကပြောသည်။

“စစ်ကို မလိုလားကြောင်း နားလည်ပေးစေချင်ပါတယ်။ဒီနေ့လာတာက တောင်းဆိုလာရောက်ခြင်းခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်ခဲ့တာတွေ ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အထားတွေ ပါပါတယ်။ အစီရင်ခံတာလည်း ပါပါတယ်။ဒေသဖွံ့ဖြိုးရေးနဲ့ ပတ်သက်လို့ တောင်းဆိုချက်တွေလည်းပါပါတယ်”ဟု ဦးစ၀်ခွန်ဆိုင်ကပြောသည်။

ဖေဖော်ဝါရီ လ ၂၃ ရက်နေ့တွင်တွင် ဗိုလ်ချုပ်ရာပြည့် ဦးဆောင်သည့် အဖွဲ့နှင့် SSPP/SSA တို့ တွေ့ဆုံသွားမည်ဖြစ်ရာ တွေ့ဆုံမှုတွင် တပ်ပိုင်းဆိုင်ရာ ကိစ္စများအား ဆက်လက် အစီရင်ခံစာ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

အစိုးရ၊တပ်မတော်နှင့် SSPP/SSA အဖွဲ့တို့ယခုကဲသို့တွေ့ဆုံမှုများသည် ပထမအကြိမ်မြောက်တွေ့ဆုံခြင်းဖြစ်ကြောင်းလည်း သိရသည်။

SSPP/SSA အဖွဲ့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး (NCA )တွင် ပါဝင်လတ်မှတ်ရေးထိုးထားခြင်းမရှိကြောင်း သိရသည်။

NCA တွင် ယခင်အစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့မှ ပါဝင်လတ်မှတ်ရေးထိုးခဲ့ပြီး ယခု အစိုးရလက်ထက် ၂ ဖွဲ့ ထပ်မံ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

#The Fifth Wave News

0 comments:

Post a Comment