၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရာတွင် ဖြတ်လမ်းနည်းဖြင့် ပြင်ဆင်ရန်ကြိဲုးစားနေကြောင်း ပေါ်လွင်သည့် အတွက် မင်းကင်းမဲဆန္ဒနယ်မှ ကိုယ်စားလှယ်ဦးမောင်မြင့်မှ ကန့်ကွက်လိုက်သည်။
“အခြေခံဥပဒေကို ပြင်ချင်ရင် ဥပဒေတွေ၊နည်းဥပဒေတွေ အတိအလင်းပြဌာန်းပါလျှက်နဲ့ Precedent ကို လိုက်နာဆောင်ရွက်ရမယ်ဆိုတာ ဟာ အခြေခံဥပဒေကို ဖြတ်လမ်းနည်းနှင့် ပြင်ဖို့ ကြိုးစားနေတာပေါ်လွင်ပါတယ်”ဟု ဦးမောင်မြင့်ကပြောသည်။
ယနေ့ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် ၄ မှ ကိုယ်စားလှယ်ဦးအောင်ကြည်ညွှန့်တင်သွင်းသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းသည့် အရေးကြီးအဆိုဆွေးနွေးရာတွင် ဦးမောင်မြင့်မှ အထက်ပါ အတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အခြေခံဥပဒေအား ပြင်ဆင်မည်ဆိုပါက ဥပဒေ ၄၃၃၊၄၃၄၊နှင့် ၄၃၅ တို့ကို မျက်ကွယ်ပြုရှောင်လွှဲလို့ မရကြောင်း၊ထို့အတူ မြို့အချို့တွင်သာ လူ ၁၀၀ မှ စတစ်ကာကမ်ပိန်း လုပ်မှုအား လွှတ်တော်မှ မသိကြိုးကျွံပြု၍ မသင့်လျော်ဟု ပြောဆိုမှုသည် အင်မတန်မှ ရီစရာကောင်းကြောင်း၊ စတစ်ကာကမ်ပိန်းလုပ်မှုသည် မည်သူ့စနက်ကြောင့် ပြုလုပ်နေမှုသည် ပိုပြီး ပေါ်လွင်လာကြောင်း ၎င်းကထောက်ပြပြောဆိုခဲ့သည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ ကျွန်တော်တို့ရဲ့ Mother Law ပါ။ ပုဒ်မ ၄၃၃(က) မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကိ ပြင်ဆင်ရန်တင်သွင်းသော အဆိကို ဥပဒေမူကြမ်းအဖြစ် တင်သွင်းရမည်လို့ ပြဌာန်းထားတဲ့အတွက် တစ်ဖက်လှည့်နဲ့ ဥပဒေပြင်ရန် ကော်မတီဖွဲ့ဖို့ အရေးကြီးအဆို တင်ခြင်းဟာ အခြေခံဥပဒေကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်”ဟု ဦးမောင်မြင့်ကပြောသည်။
လွှတ်တော်သည် ဥပဒေပြုရေးမဏ္ဍိုင်၏အချုပ်အခေါ်င်ဖြစ်သည့် အတွက် လွှတ်တော်ကိုယ်၌မှ ဥပဒေများ၊လုပ်ထုံးလုပ်နည်းများ၊လိုက်နာခြင်းမရှိ၊ ညီညွှတ်အောင် မလုပ်ပါက သမိုင်းတွင် ကမ္ဗည်းတင်ခံရမည့်အတွက် ကမ္ဗည်းအတင်မခံရအောင် အဆိုအား အလေးအနက်ကန့်ကွက်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
ထို့အတူ ဇန်န၀ါရီလ ၂၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဦးအောင်ကြည်ညွှန့်တင်သွင်းခဲ့သည့် အဆိုအား တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်မှ ကန့်ကွက် တင်ပြခဲ့မှုအပေါ် လွှတ်တော်နာယက မှ မိုက်မပေးခဲ့ပဲ ဒေါက်တာမြတ်ဥာဏစိုးထောက်ခံတင်ပြမှုအပေါ် မိုက်ပေးခဲ့မှုသည် အဆို ကို ထောက်ခံမှသာ မိုက်ပေးတာလား ဟု ဦးမောင်မြင့်ကပြာဆို ခဲ့သည်။
ထို့ပြင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက မတ်တပ်ရပ်ကန့်ကွက်နေမှုတွင် Live ပြနေရင်း ဟေမာနေ၀င်းသီချင်းလွှင့်ထုတ်ပေးမှုသည် ဘယ်လို မှ မဖြစ်သင့်သည့် ကိစ္စဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
အစည်းအဝေးတွင် အရေးကြီးအဆို မဆွေးနွေးမီ လွှတ်တော်နာယက ဦးတီခွန်မြတ်၏ပြောကြားမှုသည် ယင်းအဆိုအား ထောက်ခံသည့် ပုံစံမျိုးဖြစ်နေသည့် အတွက် လက်မခံကြောင်း ဦးမောင်မြင့်ကပြောသည်။
“ပွင့်ပွင့်လင်းလင်းပြောရရင် လွှတ်တော်နာယကက သူပြောတဲ့အခါမှာ စစချင်းခင်းတာ ဆိုတာ ငါတော့သိပ်မကြိုက်ဘူး။ ဘယ်လို ကော်မတီတွေ ဖွဲ့တယ်။ ဘာပဲပြောပါဆိုတာ ထောက်ခံခိုင်းတာနဲ့တူနေတယ်။ ငါတို့က ကန့်ကွက်မယ့်လူတွေလေ။ အဲ့ဒါ ဘာဖြစ်လို့ ဒီစကား ကို ငါတို့ကို လာပြောလဲ။ လွှတ်တော်နာယကက။ နာယက တစ်ယောက်အနေနဲ့ ဒီလို မပြောရ ဘူး။ မဆိုင်တာတွေ မပြောနဲ့ဆိုတာ လက်ခံတယ်။ ဘယ်လို ကော်မတီတွေဖွဲ့ပါဆိုတာကို ဆွေး နွေးပါဆိုတော့ ထောက်ခံခိုင်းတဲ့ သဘောဖြစ်နေတယ်။ ငါတို့က အဲ့ဒီတုန်းကတည်းက မကျေနပ်လို့ မက်တပ်ရပ်ကန့်ကွက်ခဲ့တာ။ ထောက်ခံဖို့ အတွက် အတင်းအမိန့်ပေးနေတာ။ ဒါပေမယ့် ငါတို့ မထောက်ခံဘူး”ဟု ၎င်းကပြောသည်။
အရေးကြီးအဆိုအား ဦးအောင်ကြည်ညွှန့် က ဇန်န၀ါရီလ ၂၉ ရက်နေ့က ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တောအစည်းအဝေးတွင် တင်သွင်းခဲ့ပြီး ယင်းအဆိုအား ယနေ့ လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦး ဆွေးနွေးနေခြင်းဖြစ်သည်။
ယဉ်ကေနွယ်
The Fifth Wave News
0 comments:
Post a Comment