Tuesday, February 26, 2019

သာစည်တွင် လေးကောင်ဂျင်ဝိုင်းကို ဝင်ဖမ်း


မန္တလေးတိုင်း သာစည်မြို့နယ် သာဂရကျေးရွာအရှေ့ဘက် လယ်ကွင်းပြင်ရှိ မန်ကျီးပင်အောက်တွင် ဖေဖော်ဝါရီ ၂၅ ရက် ည ၁၁ နာရီ ၁၅ မိနစ်ခန့်က လေးကောင်ဂျင်ဝိုင်းလောင်းကစားနေသော အမျိုးသား လေးဦးကိုဖမ်းမိခဲ့ကြောင်း မိတ္ထီလာခရိုင် မှုခင်းနှိမ်နင်းရေးဌာနစိတ်ထံမှ သိရသည်။ 
ဖြစ်စဉ်မှာ သတင်းအရ ပူးပေါင်းအဖွဲ့ဖြင့် ယင်းကျေးရွာရှိ လေးကောင်ဂျင်ဝိုင်းကို သွားဖမ်းရာ ယင်းမြို့နယ် မြောင်ဦးရွာမှ ဦးသန်းထိုက်(၄၄ နှစ်)၊ သဲကုန်းရွာမှ ဦးမြင့်နိုင်(ခ)ကုလားကြီး(၄၀ နှစ်)၊ အလည်ရွာမှ ဦး ဇော်ဝင်းမောင်(၃၃ နှစ်)နှင့် သာဂရရွာမှ ဦးမိုးသူ(၄၇ နှစ်)တို့နှင့်အတူ လေးကောင်ဂျင်လောင်းကစားရာတွင် အသုံးပြုသည့် ပစ္စည်းများ၊ ဆိုင်ကယ် သုံးစီးနှင့် ကျပ် ၁၂ သိန်းကျော်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ 


အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဦးသန်းထိုက်ပါ(၄)ဦးနှင့် ထွက်ပြေးသွားကြသည့် အမည်မသိလေးကောင်ဂျင် လောင်းကစားပြုလုပ်သူသူများကို ဒုရဲအုပ် မိုးထက်နိုင်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ဟံဇားနယ်မြေရဲစခန်း လောင်းကစားဥပဒေပုဒ်မ-၁၂(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

The Voice 

0 comments:

Post a Comment