Thursday, February 21, 2019

တန်ဖိုးနည်းအိမ်ရာများဆောက်မည်ဆိုပါက အစိုးရအနေဖြင့် မြေတန်ဖိုးကို သုညအထိ ချပေးမည်


တန်ဖိုးနည်းအိမ်ရာများဆောက်မည်ဆိုပါက အစိုးရအနေဖြင့် မြေတန်ဖိုးကို သုညအထိ ချပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖေဖော်ဝါရီလ ၂၂ ရက်က ကျင်းပသည့် နိုင်ငံတော် ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ ဦးဆောင်သည့် မြန်မာ့ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ၏ (၂၄) ကြိမ်မြောက် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲ တွင် ပြောသည်။ 
“မြေရဲ့တန်ဖိုး တွေကတော့ ကျွန်တော်တို့အစိုးရက တန်ဖိုးနည်းအိမ်ရာတွေ ဆောက်မယ်ဆိုရင် မြေတန်ဖိုးကို သုညအထိ ချပေးလို့ရနိုင်ပါတယ်။ ဒါပေမယ့် အိမ် ဆောက်တဲ့တန်ဖိုးကို နေစရာမရှိတဲ့လူတွေက ဝယ်ယူနေထိုင်ဖို့ဆိုလို့ရှိရင် အိမ်ဆောက် တန်ဖိုးသက်သာဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါမှသာလျှင်နေရေးထိုင် ရေးအခက်အခဲ ဖြစ်ပြီး ရန်ကုန်မြို့ပြမှာရှိနေတဲ့ပြည်သူတွေအတွက် အဆင်ပြေမှာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။ 

ရန်ကုန်တိုင်းဒေသကြီးတွင်း နှစ်စဉ် အိမ်ရာ တစ်သိန်းခန့်လိုအပ်လျက်ရှိ ကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောသည်။ 

Pyi Myanmar

0 comments:

Post a Comment