ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/ SSA) အနေဖြင့် လက်နက်/ကျည်ဆံများ ၀ယ်ယူခြင်းမရှိခြင်းသည် ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်နေခြင်းကြောင့် ဖြစ်ကြောင်း ဒုတိယဥက္ကဌ ဦးစ၀်ခွန်ဆိုင်ကပြောသည်။
“တစ်ဖက်မှာလည်း ကျွန်တော်တို့ ဒေသဖွံ့ဖြိုးရေးတွေတည်ဆောက်နေပါတယ်။တချို့က ပြောတယ်။စစ်ရေးကာလမှာ ခင်ဗျားတို့ ဘာလုပ်နေစရာလိုလဲ ။ခင်ဗျားတို့ လက်နက်တွေဝယ်ပေါ့။ကျည်ဆံတွေဝယ်ပေါ့။အခု မငြိမ်းစချမ်းတဲ့ ကာလမှာ ဘာမှ ဒေသဖွံ့ဖြိုးရေးတွေ လုပ်စရာ မလိုဘူး။တချို့တွေက ကျွန်တော်တို့ တံတားတွေဆောက်တာ လမ်းတွေဖောက်တာကို ဆန့်ကျင်တယ်။အမျိုးမျိုးပေါ့ ကျွန်တော်တို့ကို ပုတ်ခတ်တယ်။မင်းတို့ အ တယ်။ အ ရင်လည်း အ ပါစေ ကျွန်တော်တို့ ပြည်တွင်းစစ်မှာ ကျွန်တော်တို့ ရှမ်းပြည်တိုးတက်ရေးရေးတပ်မတော် ၊ရှမ်းပြည်တိုးတက်ရေးပါတီ ဟာ ပြည်တွင်းစစ်မှာ ရှမ်းပြည်တော်လှန်ေ၇းက ၅၈ ခုနှစ် ဆိုရင် နှစ်ပေါင်း ၆၀ ကျော်ရှိလာပြီ။ နှစ်ပေါင်း ၆၀ ကျော်အတွင်းမှာ ပြည်သူတွေက ကျွန်တော်တို့နဲ့ အတူ အင်မတန်မှ ဒုက္ခရောက်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ ဟာ တတ်နိုင်သလောက် မိဘပြည်သူတွေကို ပြန်ကျေးဇူးဆပ်တဲ့ အနေနဲ့ လုပ်ရခြင်းဖြစ်ပါတယ်”ဦးစ၀်ခွန်ဆိုင်ကပြောသည်။
ယနေ့ နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) တွင် ကျင်းပပြုလုပ်သည့် အစိုးရနှင့်(SSPP/ SSA) တွေ့ဆုံမှု အဖွင့် မိန့်ခွန်းတွင် ဦးစ၀်ခွန်ဆိုင်မှ အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် စစ်ကို မလိုလားကြောင်းကိုလည်း နားလည်စေလိုကြောင်း၊၎င်းတို့ဘက် မှ စတင်၍ တပ်မတော်အား တိုက်ခိုက်မှုမရှိရန်အတွက်လည်း မှာကြားထားကြောင်း ၎င်းကပြောသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA )တွင် တိုင်းရင်းသားညီအကို များပါဝင်လာစေရန်အတွက် လည်း ဦးစ၀်ခွန်ဆိုင်ကတောင်းဆိုခဲ့သည်။
“ဒါပေမဲ့ အားလုံးပါဝင်လာနိုင်ရေး ဆိုလို့ ကျွန်တော်တို့ပြောနေတဲ့ သူတို့ကို သူတို့ပြောနေတဲ့ ရိုဟင်ဂျာ ဘင်္ဂလီတွေတော့ မပါဘူးပေါ့။အားလုံးပါဝင်ရေးအတွက် အထူးပြောပြချင်ပါတယ်။ ကျန်တဲ့ ဟာတွေကတော့ တိုင်းရင်းသား ညီအကိုတွေဖြစ်တဲ့ အတွက်ကြောင့် အားလုံးပါဝင်ဖို့ ကျွန်တော်တို့တောင်းဆိုခြင်းဖြစ်ပါတယ်” ဟု ဦးစ၀်ခွန်ဆိုင်ကပြောသည်။
ယခုကဲ့သို့ စားပွဲဝိုင်းတွင် တန်းတူညီမျှ ဆွေးနွေးခွင့်ရရှိခြင်းသည် တိုးတက်မှုရရှိလာသည်ဟု ယူဆကြောင်း ၎င်းကပြောကြားခဲ့သည်။
တွေ့ဆုံမှုတွင် အစိုးရဘက်မှ (NRPC) အဖွဲ့ဝင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ဗိုလ်ချုပ်ရာပြည့်၊ UPDJC အတွင်းရေးမှူး အဖွဲ့ဝင်များဖြစ်သည့် ဦးလှမောင်ရွှေနှင့် ဦးခင်ဇော်ဦး၊ နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးတို့ မှတက်ရောက်ခဲ့သည်။
ဖေဖော်ဝါရီ လ ၂၃ ရက်နေ့တွင်တွင် ဗိုလ်ချုပ်ရာပြည့် ဦးဆောင်သည့် အဖွဲ့နှင့် SSPP/SSA တို့ တွေ့ဆုံသွားမည်ဖြစ်ရာ တွေ့ဆုံမှုတွင် တပ်ပိုင်းဆိုင်ရာ ကိစ္စများအား ဆက်လက် အစီရင်ခံစာ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
တပ်မတော်မှ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ စစ်ဆင်ရေးနယ်မြေအလိုက် စစ်တိုင်း ၅ ခုတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအားလုံးအားရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
အစိုးရ၊တပ်မတော်နှင့် SSPP/SSA အဖွဲ့တို့ယခုကဲသို့တွေ့ဆုံမှုများသည် ပထမအကြိမ်မြောက်တွေ့ဆုံခြင်းဖြစ်ကြောင်းလည်း သိရသည်။
SSPP/SSA အဖွဲ့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး (NCA )တွင် ပါဝင်လတ်မှတ်ရေးထိုးထားခြင်းမရှိကြောင်း သိရသည်။
NCA တွင် ယခင်အစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့မှ ပါဝင်လတ်မှတ်ရေးထိုးခဲ့ပြီး ယခု အစိုးရလက်ထက် ၂ ဖွဲ့ ထပ်မံ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
The Fifth Wave News
0 comments:
Post a Comment