Wednesday, June 26, 2019

ဓနုဖြူမြို့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လယ်သမား ၂၀၀၀ တွေ့ဆုံမည်


ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လယ်သမား ၂၀၀၀ လောက် ဇွန်လ ၂၈ ရက်မနက်မှာ တွေ့ ဆုံဖို့ရှိတယ်လို့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်ကပြောပါတယ်။ 
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ လယ်သမား ၂၀၀၀ လောက်ကို ဖိတ်ထားပြီး အမေးအဖြေတွေလည်း လုပ်သွားဖ်ု့ရှိတယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် က ပြောပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၁ ရက်နေ့က မြောင်းမြတံတားသစ်ဖွင့်ပွဲပြီးတဲ့နောက် ဧရာဝတီတိုင်းအတွင်းက မြို့ ၆ မြို့မှာ လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး လာမယ့်တွေ့ဆုံပွဲကတော့ တောင်သူလယ်သမားတွေနဲ့ သီးသန့်တွေ့ဆုံမှာဖြစ်တယ်လို့ဆိုပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ဟာ ဓနုဖြူမှာ တည်ဆောက်ထားတဲ့ အစာအခြောက်ခံ စက်အကြီးစားကိုလည်းလေ့လာသွားဖို့ ရှိနေပါတယ်။

DVB

0 comments:

Post a Comment