Wednesday, June 26, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုလာဓာတ်အားပေးစက်ရုံ ဖွင့်ပွဲတက်ရောက်


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်(၂၇)ရက် မနက်ပိုင်းက မင်းဘူးခရိုင်မှာရှိတဲ့ မြန်မာနိုင်ငံရဲ့ပထမဦးဆုံး ဆိုလာဓာတ်အားပေးစက်ရုံဖွင့်ပွဲကို တက်ရောက်ခဲ့ပါတယ်။ အဲဒီ ဆိုလာဓာတ်အားပေးစက်ရုံဖွင့်ပွဲမှာ နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်နဲ့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုတို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။ 
ဆိုလာဓာတ်အားပေးစက်ရုံဟာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့အနောက်ဘက် ၁၆ မိုင်ခန့်အကွာ မင်းဘူး၊ အမ်းကားလမ်းဘေးမှာတည်ရှိတာပါ။ အဲဒီစက်ရုံကို Green Earth Power (Myanmar) ကုမ္ပဏီက B.O.T စနစ်နဲ့ ၂၀၁၈ ခုနှစ်မှာတည်ဆောက်ခဲ့တာပါ။ စက်တပ်ဆင်အင်အား(၁၇၀) မဂ္ဂါဝပ်ကိုအဆင့်လေးဆင့်ခွဲကာ တပ်ဆင်နေပြီး ပထမအဆင့်အနေနဲ့ လျှပ်စစ်မဂ္ဂါဝပ် (၄၀)ကို အခုဇွန်လဆန်းပိုင်းမှာ နိုင်ငံပိုင်ဓာတ်အားလိုင်း ထဲကို စတင်ထုတ်လွှတ်နိုင်ခဲ့တာဖြစ်ပါတယ်။ 
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ မကွေးတိုင်းဒေကြီးအစိုးအဖွဲ့ဝင်တွေဟာ ဆိုလာဓာတ်အားပေးစက်ရုံဖွင့်ပွဲအပြီး မှာတော့ မြန်မာ့ယာဉ်ကျေးမှုအမွေအနှစ် ဆံရစ်ဝိုင်းဆံပင်ပုံစံတွေကို တစ်ရွာလုံးနီးပါးထိန်းသိမ်းထားတဲ့ မကွေးတိုင်းဒေသကြီးပွင့်ဖြူမြို့နယ်က ရေပုတ်ကြီးကျေးရွာဒေသခံတွေနဲ့တွေ့ ဆုံဖို့ ဆက်လက် ထွက်ခွာသွားခဲ့ပါတယ်။ 


သတင်း၊ ဓာတ်ပုံ - သက်ခိုင်မိုး၊ ကိုသန်းလွင်
One News Myanmar 

0 comments:

Post a Comment