Wednesday, June 26, 2019

မည်သည့်နည်းနှင့်မဆို အီးယူမှ ဗြိတိန် ခွဲထွက်မည်ဟု ဘောရစ်ဂျွန်ဆင် ပြတ်ပြတ်သားသား ပြော



ဗြိတိန်ဝန်ကြီးချုပ်အဖြစ် တစ်ပြေးနေသူ ဘောရစ်ဂျွန်ဆင်က အောက်တိုဘာ ၃၁ ရက်နေ့ကျရင် ဘယ်နည်းနဲ့မဆို အီးယူကနေ ဗြိတိန် ခွဲထွက်မယ်လို့ ပြတ်ပြတ်သားသား ပြောလိုက်ပါတယ်။ 
ဘောရစ်ဂျွန်ဆင်ရဲ့ ပြတ်သားတဲ့ မှတ်ချက်စကားကို ဇွန်လ ၂၅ ရက်ထုတ် ဗြိတိန်သတင်းစာ မျက်နှာဖုံးတွေမှာ ဖော်ပြခဲ့ပြီး ဒါဟာ ပြိုင်ဘက် ဂျရယ်မီဟန့်အနေနဲ့ အလားတူ မှတ်ချက်စကားမျိုးပေးဖို့ စိန်ခေါ်မှု ဖြစ်စေပါတယ်။ 

ဘရက်ဇစ်ထောက်ခံသူတွေ တိုက်တွန်းချက်အရ ဂျွန်ဆင်ဟာ ဝန်ကြီးချုပ်ရာထူး မဲဆွယ်ပွဲမှာ ဗြိတိန် ခွဲထွက်မယ့်နေ့အဖြစ် အောက်တိုဘာ ၃၁ ရက်နေ့ကို ရွေးချယ်ခဲ့ပါတယ်။ 

ရေဒီိယိုအင်တာဗျူးတခုမှာ အောက်တိုဘာ ၃၁ ရက်နေ့ကျရင် အမှန်တကယ် အီးယူက နုတ်ထွက်မှာလားဆိုတဲ့ မေးခွန်းကို ဂျွန်ဆင်က ဖြေပေးခဲ့တာပါ။ 

အီးယူ အင်အားကြီးလာမှာကို ကြောက်တဲ့ အီယန် ဒန်ကန်စမစ်ကို နောက်ဆုံးအဆင့် မဲဆွယ်ပွဲ ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်တဲ့သတင်းဟာ ဂျွန်ဆင်ရဲ့ ပြတ်သားတဲ့ ရပ်တည်ချက်ကို ထပ်ပြီး အတည်ပြုလိုက်တာပဲ ဖြစ်ပါတယ်။ 


ဂျွန်ဆင်ဟာ သဘောတူညီချက်ရပြီးမှ အီးယူကနေ ခွဲထွက်တာကို ပိုမိုလိုလားပေမယ့် ဗြိတိန်အနေနဲ့ သဘောတူညီချက်မရဘဲ ခွဲထွက်ဖို့ အသင့်ရှိနေတာကို ပြပြီး ပြန်လည်ညှိနှိုင်းဖို့ အီးယူကို စည်းရုံးနိုင်မယ်လို့ ယုံကြည်နေပါတယ်။

DVB 


0 comments:

Post a Comment