Wednesday, June 26, 2019

မြန်မာ့ဒီမိုကရေစီရေးအတွက် အမေရိကန်က မိတ်ဆွေအဖြစ် ဆက်ရှိသွားမည်


အ​မေရိကန်​ပြည်​​ထောင်​စုရဲ့ ၂၄၃ နှစ်​​မြောက်​ လွတ်​လပ်​​ရေး​နေ့ အခမ်းအနားကို ဇွန်​လ ၂၆ ရက်​​ညက ရန်​ကုန်​မြို့မှာ ကျင်းပခဲ့ပါတယ်​။ 
အ​မေရိကန်​နဲ့ မြန်​မာ နှစ်​နိုင်​ငံအကြား တည်​ရှိတဲ့ ဆက်​ဆံ​ရေးအတွက်​ ဆင်​နွှဲရခြင်းဖြစ်​တယ်​လို့ မြန်​မာနိုင်​ငံဆိုင်ရာ အ​မေရိကန်​ သံအမတ်​ကြီး စ​ကော့မာစီရယ်​က ​ပြောပါတယ်​။ 

မြန်​မာနိုင်​ငံအ​နေနဲ့ ပို​ကောင်းမွန်​တဲ့ ဒီမိုက​ရေစီ၊ ရေရှည်​တည်​မြဲတဲ့ ငြိမ်းချမ်း​ရေးတို့အတွက်​ ဆက်​လက်​လုပ်​​ဆောင်​တဲ့ အခါမှာ အ​မေရိကန်​အစိုးရက မိတ်​​ဆွေအဖြစ်​ ဆက်​လက်​တည်​ရှိသွားမယ်​လို့ သံအမတ်​ကြီးက ပြောပါတယ်​။ 

ဒီပွဲကို နိုင်ငံ​တော်​အတိုင်​ပင်​ခံရုံး ဝန်​ကြီးဌာန ပြည်​​ထောင်​စုဝန်​ကြီး ဦး​ကျော်​တင့်​​ဆွေ အပါအဝင်​ နှစ်​နိုင်​ငံအစိုးရ တာဝန်​ရှိသူ​တွေနဲ့ မြန်​မာနိုင်​ငံအ​ခြေစိုက်​ နိုင်​ငံ​ပေါင်းစုံက သံတမန်​​တွေအပြင်​ အဖွဲ့အစည်းအသီးသီးက လူပုဂ္ဂိုလ်​​တွေ တက်​​ရောက်​ဆင်နွှဲ​ကြပါတယ်​။ 




သတင်း၊ ဓာတ်ပုံ – စုစု
DVB

0 comments:

Post a Comment