မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်း အီးယူ ဥရောပသမဂ္ဂ ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ကော်မရှင်နာ စီစီလီယာ မဲလ် စထရွန်း က ပြောပါတယ်။
ဇွန်လ ၃၀ ရက် တနင်္ဂနွေနေ့က ဗီယက်နမ်နိုင်ငံမှာကျင်းပခဲ့တဲ့ အီးယူ ဥရောပသမဂ္ဂ နဲ့ ဗီယက်နမ် နိုင်ငံတို့ လွတ်လပ်စွာကုန်သွယ်ရေး သဘောတူစာချုပ် လက်မှတ်မထိုးခင် ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတွေရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်ပြီး RFA က မေးမြန်းရာမှာ ပြောဆိုခဲ့တာပါ။
မြန်မာ၊ ကမ္ဘောဒီးယားနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက လူ့အခွင့်အရေး အခြေအနေတွေကို စိုးရိမ်ကြောင်း၊ မြန်မာမှာ လူ့အခွင့်အရေးဆိုင်ရာ ပုံမှန်ဆောင်ရွက်ရမှာတွေ မတွေ့ရသေးလို့ သတိပေးနေရကြောင်း၊ အခုအခါ အီးယူအနေနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန်ရှိလာပြီဖြစ်ပေမယ့် ဒုက္ခသည်ကိစ္စအပါအ၀င် မြန်မာ့အခြေအနေအပေါ် စိုးရိမ်ဆဲဖြစ်ကြောင်း၊ ဒုက္ခသည်အရေးက ရှုပ်ထွေးလှတာမို့ အချိန်ယူဖြေရှင်းရမှာဖြစ်သလို၊ သူတို့နေရပ်ပြန်နိုင်ရေး၊ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးတွေ လိုအပ်နေကြောင်း၊ မြန်မာ့အသွင်ကူးပြောင်းရေးမှာ ဒေါ်အောင်ဆန်းစုကြည် က အဓိကအခန်းမှာရှိနေသလို၊ အကန့်အသတ်တွေလည်းရှိနေကြောင်း ပြောဆိုခဲ့ပါတယ်။
Photo: EMMANUEL DUNAND / AFP
(အီးယူ ဥရောပသမဂ္ဂ ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ကော်မရှင်နာ စီစီလီယာ မဲလ် စထရွန်းကို တွေ့ရစဉ်)
RFA
0 comments:
Post a Comment