Wednesday, July 31, 2019

အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီအသွင်ယူ၍ လူ ၁ ဦးလျှင် ကျပ် ၆ သိန်းကောက်၍ လိမ်လည်တိမ်းရှောင်သွားသဖြင့် မြဝတီမြို့တွင် အလုပ်သမား ၃၀၀ ကျော် ဒုက္ခရောက်နေ

Image may contain: 5 people, people standing, crowd and outdoor

ထိုင်းနိုင်ငံအတွင်း MOU စနစ်ဖြင့် အလုပ်အကိုင်ရရှိ လုပ်ကိုင်ရမည်ဟုဆိုကာ မြန်မာပြည်တွင်းနေရာဒေသအသီးသီးမှ အလုပ်လုပ်ကိုင်လိုသူ ၃၀၀ ကျော်ထံမှ ၀န်ဆောင်ခအဖြစ် ငွေကြေးကောက်ခံရယူ၍ လိမ်လည်ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ တွင် လူ ၃၀၀ ကျော်ခန့် အလုပ်လက်မဲ့ ဒုက္ခကြုံ တွေ့နေကြောင်းသိရသည်။

"ခပ်တည်တည်နဲ့ အကျိုးဆောင်ဆိုင်းဘုတ်တင်ထားတယ်။ လူတဦးကို ၆ သိန်းခွဲ အနည်းဆုံး ကောက်ထားတယ်။ အိမ် ၅ လုံးအထက် ငှားထားပြီး အိမ်တလုံးမှာ လူ ၂၀ ဦးနဲ့အထက် လက်ရှိ နေထိုင်နေတယ်။ တချို့ တလကျော်ကြာပြီ။ အလုပ်သမားတွေနားမလည်နိုင်တဲ့ ပတ်စပို့ ၊ MOU လုပ်ငန်းစဉ်တချို့ကိုပြောပြတယ်။ လက်ရှိ ပင်လုံခန်းမမှာ စာချုပ်ချုပ်ဆိုပြီး မြဝတီမှာ စမတ်ကတ်ရိုက်တဲ့ လုပ်ငန်းစဉ်များမဟုတ်ဘဲ မြဝတီမှာပဲ စမတ်ကတ်ရိုက်ပြီး ထိုင်းကိုတန်းထွက်မဲ့ပုံစံ ပြောထားတယ်။ ကျိန်းသေတာတခုကတော့ အခန်း (၁၀) ပုဒ်မ (၂၆) မည်သူမဆို အကျိုးဆောင် လိုင်စင်မရှိဘဲ အကျိုးဆောင် လုပ်ငန်းကို လုပ်ကိုင်နေကြောင်း ပြစ်မှုထင်ရှားရင် ထိုသူကို ထောင်ဒဏ် (၇) နှစ်နဲ့ ငွေဒဏ် ချမှတ်နိုင်တယ်လို့ အတိအလင်း ပြဌာန်းထားတယ်။ အခု မြဝတီအလုပ်သမားရုံးက တာဝန်ရှိတဲ့သူတွေနဲ့ ရဲဌာနမှာအမှုဖွင့်ဖို့လုပ်နေတယ်"ဟု အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ဒေါ်မိုးက ပြေဆိုသည်။
မြဝတီမြို့ အမှတ် ၃ ရပ်ကွက်တွင်ဖွင့်လှစ်ထားသော PJ ပတ်စပို့နှင့် အလုပ်အကိုင်ရှာဖွေးပေးခြင်း (KS) ကိုစိုး အကျိုးဆောင်လုပ်ငန်းရုံးမှ အလုပ်အကိုင်ရရှိရန် လူတဦးလျှင် ကျပ်ငွေ ၆ သိန်းမှ ၇ သိန်းအထိ တောင်းယူခဲ့ကြောင်း၊ ယခုအခါ ရုံးခန်းပိတ်သိမ်း၍ လိမ်လည်တိမ်းရှောင်သွားသဖြင့် ထိုင်းနိုင်ငံသို့ အလုပ်သမားအဖြစ်သွားရောက်လုပ်ကိုင်ရန် အဆိုပါရပ်ကွက်အတွင်း အဌားနေအိမ်အချို့တွင် စုဝေးနေထိုင်နေသော လူ ၃၀၀ ကျော်ခန့်မှာ အကူအညီမဲ့ ဒုက္ခရောက်နေသည့်အတွက် မြို့မိမြို့ဖများနှင့် အလုပ်သမားအရေး ဆောင်ရွက်နေသူများမှ မြဝတီမြို့ အလုပ်သမားဌာန (ကျောက်လုံးကြီးစခန်း) မှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ညှိနိုင်းကာ အမှုဖွင့်အရေးယူနိုင်ရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ရောက်နေတာ ၁ လလောက်ရှိပြီ။ တချို့ကတော့ 
၁ ပတ်ကျော် ၂ ပတ်ကျော်ကနေ ၂ လ လောက်အထိ ဒီမြဝတီကိုရောက်နေကြတာ။ သူတို့ကို လူစုထားတာ။ အိမ်တွေဌားပေးပြီးတော့ ခွဲထား ထားတယ်။ ကျွန်တော်တို့ကို ၂၆ ရက်နေ့ ပို့ပေးမယ်ပြောတယ်။ တခါ ၂၇ ရက်မှာ စမတ်ကတ်ရိုက်ရမယ် ပြောပြန်တယ်။ အခု ဒီမြဝတီက အလုပ်သမားရုံးကို သွားမေးမြန်းတဲ့အခါကျတော့ မင်းတို့လုပ်နေတဲ့ အေဂျင်စီက ထောက်အထားတွေလျှောက်ထားတဲ့ အချက်အလက်တွေ မခိုင်လုံဘူးလို့ ပြောတယ်။ အခု ကျွန်တော်တို့ ဘာမှ ဆက်သွယ်လို့မရဘဲ ရှောင်ပြေးသွားပြီ"ဟု ရခိုင်ပြည်နယ်မှ အလုပ်လုပ်ရန်လာသူ ကိုရွှေသိန်းက ပြောသည်။

အဆိုပါ ရပ်ကွက်အတွင်း နယ်ဝေးရပ်ခြားမှ လူအများလာရောက်နေထိုင်နေသည့်ကိစ္စမှာ မသင်္ကာဖွယ်ရာ အခြေအနေရှိနေသဖြင့် ရပ်မိရပ်ဖများမှ အုပ်ချုပ်ရေးပိုင်းနှင့် လူကုန်တားရဲဌာန၊ အလုပ်သမားဌာနတို့ကို သတင်းပေးတိုင်ကြားခဲ့ကြသော်လည်း လာရောက်စုံးစမ်းစစ်ဆေးမေးမြန်းမှုများ တစုံတရာမရှိဘဲ ဇူလိုင်လ ၃၀ ရက်နေ့ ညနေပိုင်းတွင် အဆိုပါ အလုပ်သမားအေဂျင်စီရုံးခန်း ပိတ်သိမ်းတိမ်းရှောင်သွားသည်ကိုသိရှိရမှာသာ လူစုလူဝေးဖြစ်ပေါ်ပြီး အကူအညီတောင်းခံမှုများရှိလာသည့်အတွက် ရပ်မိရပ်ဖများနှင့် ရွှေ့ပြောင်းလုပ်သားအရေးဆောင်ရွက်နေသူများမှ ဦးဆောင်ကာ ဇူလိုင်လ ၃၁ ရက်တွင် မြဝတီမြို့ ရွှေ့ပြောင်းလုပ်သား အလုပ်သမားရုံးသို့သွားရောက်၍ တာဝန်ရှိသူများနှင့်ညှိနှိုင်းပြီး လိမ်လည်သူများအား ဖမ်းဆီးအရေးယူနိုင်ရေး ချိတ်ဆက်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
Image may contain: 4 people, people standing, crowd, tree and outdoor
Image may contain: 5 people, crowd
Image may contain: 1 person, standing, tree and outdoor

ကဆောဝါး

0 comments:

Post a Comment