Wednesday, July 31, 2019

နိုင်ငံရေးအမြတ်ထုတ်သည်ဟု ပြောပါက ၀မ်းမြောက်ဝမ်းသာ လက်ခံကြောင်း ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ပြော

Image may contain: 1 person

နိုင်ငံရေးဆိုသည်မှာ နိုင်ငံတော်နှင့် နိုင်ငံသား အကျိုးစီးပွားအတွက် လုပ်သည်ကို နိုင်ငံရေးဟုခံယူခြင်းကြောင့် နိုင်ငံရေးအမြတ်ထုတ် သည်ဟုပြောပါက ၀မ်းမြောက်ဝမ်းသာလက်ခံကြောင်း ပြည်ခိုင်ဖြိုးပါတီ ဥက္က ဌ ဦးသန်းဌေးကပြောဆိုလိုက်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး နှင့် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဝင်များတွေ့ဆုံပွဲတွင် တက်ရောက်လာသည့် ပါတီဝင်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ယင်းသို့ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
“နိုင်ငံရေးဆိုသည်မှာ အာဏာရရေးတို့ အဲ့ဒီလောက်ပဲအဓိပ္ပါယ် ပြန်တဲ့လူမျိုးဆိုရင်တော့ နိုင်ငံရေးအမြတ်ထုတ်တယ်ဆိုတဲ့စကားလုံးက နာစရာဖြစ်တာပေါ့ ။နိုင်ငံရေးအပေါ်မှာ ကျွန်တော်ခံယူထားတဲ့ ခံယူချက်သည် တိုင်းပြည် နဲ့ လူမျိုးအတွက်အလုပ်လုပ်မှာဖြစ်တဲ့ အတွက် ကျွန်တော်တို့ထောက်ပြတဲ့ အခြေခံဥပဒေပြင်ဆင်ချက်တွေ သည် ပြည်ခိုင်ဖြိုး က နိုင်ငံရေးအရ အမြတ်ထုတ်ပါတယ်ဆိုရင် ကျွန်တော် ၀မ်းသာအားရလက်ခံပါတယ်”ဟု ဦးသန်းဌေးကပြောသည်။
နိုင်ငံရေးအမြတ်ထုတ်သည်ဆိုရာတွင် အခြေခံဥပဒေပြင်ဆင်ရေးကို နိုင်ငံရေးအမြတ်ထုတ်လိုက်ခြင်းသည် ဦးသန်းဌေး၏ ပါတီကောင်းစား ဖို့မဟုတ်ကြောင်း ၊ ယင်းကြောင့် မိမိတို့လုပ်စရာရှိသည်ကို စည်းကမ်းနည်းလမ်းအတိုင်း တိတိကျကျ ဆက်လက်ဆောင်ရွက်သွား မည်ဟုလည်း ၎င်းကဆိုသည်။
“့ ပြည်ခိုင်ဖြိုးသည် အခြေခံဥပဒေနဲ့ ပတ်သက်လို့ နိုင်ငံရေးအမြတ် ထုတ်တယ်လို့ပြောရင် ကျွန်တော့်ပါတီဝင်များ ဟုတ်တယ်လို့ ၀န်ခံလိုက်စမ်းပါ ဘယ်အတွက်နိုင်ငံရေးအမြတ်ထုတ်သလဲ ပါတီအာဏာရဖို့မဟုတ်ဘူး ကျွန်တော်တို့ တက်ပြီး သမ္မတလုပ်ဖို့မဟုတ်ဘူး ၊ ဒီနေ့လူပြောများနေတဲံ ဖက်ဒရယ်စနစ်ကို တည်ဆောက်ပေးဖို့ ကျွန်တော်တို့အမြတ်ထုတ်တယ် ဒီပြင်ဆင်ခွင့်ကို ကျွန်တော်တို့အသုံးချပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောက်ဖို့လုပ်ပေးလိုက်မယ်”ဟု ပြည်ခိုင်ဖြိုးပါတီ ဥက္က ဌ ဦးသန်းဌေးက ပြောကြားခဲ့သည်။
The Ladies News

0 comments:

Post a Comment