Tuesday, July 30, 2019

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ကျပ်သိန်း သုံးထောင်ကျော်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Image may contain: 1 person, sitting and indoor

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ကျပ်သိန်း သုံးထောင်ကျော်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၂၉ ရက်နေ့ ၁၆၀၀ အချိန်တွင် မောင်တော်ခရိုင် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၄၆)မောင်တောမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ မောင်တောမြို့နယ်၊ မောင်နီအလည်ကျေးရွာနေ အီမာန်ဟူဆိန်းနှင့် သားဖြစ်သူ အူမောရ်ဖာရုပ် ၂၀ နှစ်တို့၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ အူမောရ်ဖာရုပ် အား နေအိမ်တွင်တွေ့ရှိပြီး နေအိမ်အိပ် ခန်းအတွင်းရှိ ကျောပိုးအိတ် ၂ လုံးအတွင်းမှ ဖယောင်းစက္ကူများဖြင့်ထုပ်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၆၅၇၅၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၃၃၁၅ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သခြင်း ဖြစ်သည်။
အဆိုပါအမှုနှင့် ပတ်သက်၍ မောင်တောမြို့မရဲစခန်း တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
Credit - CCDAC
The Ladies News

0 comments:

Post a Comment