Wednesday, July 31, 2019

မြန်မာနိုင်ငံ၏ ပထမဆုံးကိုယ်ပိုင်ဂြိုဟ်တု ဩဂုတ် ၇ ရက်တွင် လွှတ်တင်မည်

Image may contain: outdoor
မြန်မာနိုင်ငံ၏ ပထမဆုံးကိုယ်ပိုင်ဂြိုဟ်တုဖြစ်သည့် မြေပြင်တည်ငြိမ် ပတ်လမ်းသွား ဆက်သွယ်ရေးဂြိုဟ်တုကို လာမည့် ဩဂုတ် ၇ ရက် နံနက် ၂ နာရီတွင် တောင်အမေရိကတိုက် ပြင်သစ်ဂီယာနာ (French Guiana)ရှိ အာရိယန် အာကာသဒုံးပျံပစ်လွှတ်ရေး အခြေစိုက်စခန်းမှ လွှတ်တင်သွားမည်ဟု သိရသည်။

လက်ရှိအချိန်တွင် Myanmar Sat 2 သို့မဟုတ် Intelsat 39 ဟုခေါ်သည့် အဆိုပါဂြိုဟ်တုသည် ပြင်သစ်ဂီယာနာ (French Guiana)ရှိ အာရိယန် အာကာသဒုံးပျံပစ်လွှတ်ရေး အခြေစိုက်စခန်း (Ariane Space Launch Base)သို့ ရောက်ရှိနေသည်ဟုလွှတ်တင်မည်ဟု သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
ယခင်က အဆိုပါဂြိုဟ်တုကို ဇူလိုင် ၂၄ ရက်တွင် လွှတ်တင်ရန် စီစဉ်ခဲ့သော်လည်း ဂြိုဟ်တုလွှတ်တင်မည့် သတ်မှတ်ရက်မတိုင်မီ ယင်း ဒုံးပျံပစ်လွှတ်ရေးစခန်းမှ ဇူလိုင် ၁၀ ရက်တွင် လွှတ်တင်ခဲ့သော အီတလီနိုင်ငံလုပ် ဒုံးပျံတစ်စင်းမှာ လွှတ်တင်ပြီး ၉ မိနစ်အကြာတွင် ပျက်ကျခဲ့သဖြင့် လွှတ်တင်မည့်နေ့ရက် ကို ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။
Myanmar Sat 2 ဂြိုဟ်တု တည်ဆောက်နိုင်ရေးအတွက် မြန်မာနိုင်ငံ၏ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနနှင့် Intelsat ကုမ္ပဏီအကြား သဘောတူညီမှုစာချုပ်ကို ၂၀၁၈ ခုနှစ် ဇွန် ၁ ရက်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
အဆိုပါဂြိုဟ်တုကို Intelsat အတွက် မာဇာနည်းပညာကုမ္ပဏီက (၅၂)စင်းမြောက် ဂြိုဟ်တုအဖြစ် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကာ စုစုပေါင်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်းခန့် ရှိကြောင်းသိရသည်။
အဆိုပါ ဂြိုဟ်တုကိုဖြင့် ကမ္ဘာပေါ်ရှိ မြန်မာနိုင်ငံနှင့် သက်ဆိုင်သော ဆက်သွယ်ရေး အော်ပရေတာများ၏ စွမ်းဆောင် ရည်မြန်နှုန်းများကို တိုးမြှင့်ပေးနိုင်မည့်အပြင် အာဖရိကတိုက်၊ ဥရောပတိုက်၊ အရှေ့အလယ်ပိုင်းဒေသနှင့် အာရှတိုက်တစ်ခွင်၌ မြန်နှုန်းမြှင့် ဗီဒီယိုဖြန့်ချိရေးဝန်ဆောင်မှုကိုလည်း ဖြည့်ဆည်းပေးနိုင် မည်ဟုသိရသည်။
No photo description available.
No photo description available.
Image may contain: sky and outdoor

သတင်း-မင်းဟိန်း/စံတော်ချိန်
ဓာတ်ပုံ-MOI

0 comments:

Post a Comment