Tuesday, July 30, 2019

မြင်းလွှတ်​ကမ်း​ခြေတွင်​ဖမ်းမိသည့် ဘင်္ဂါလီ ၃၁ ဦးအား UEHRD အစီအစဉ်​ဖြင့်ပြန်​လက်​ခံ

မြင်းလွှတ်​ကမ်း​ခြေမှာ ​ဖမ်းမိခဲ့တဲ့ ဘင်္ဂါလီ ၆၁ ဦးအနက်​ ဘင်္ဂါလီ ၃၁ ဦးကို UEHRD အစီအစဉ်နဲ့ ဇူလိုင်​ ၂၉ ရက်နေ့က သူတို့နေထိုင်ရာ နေရာတွေကို ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ 

မောင်​​တောနဲ့ ဘူးသီး​တောင်​မြို့နယ်​က ဘင်္ဂါလီ ၃၁ ဦးကို မူလ​နေထိုင်​ခဲ့ရာ ​ကျေးရွာတွေက သက်​ဆိုင်​ရာ​ကျေးရွာ အုပ်​ချုပ်​​ရေးမှူးတွေထံ ဇူလိုင် ၂၈ ရက်က  မြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးက လွှဲပြောင်း​ပေးအပ်​ခဲ့ပြီး လူကယ်ပြန်ဌာနက ငွေနဲ့ စားနပ်​ရိက္ခာတွေ ကို​ ထောက်​ပံ့​ ပေးအပ်​ခဲ့ပါတယ်​။
မောင်​​တောမြို့နယ်​ အလယ်​သံ​ကျော်​​ကျေးရွာကံဘူးက မ​ဘေဘီက “​နောက်​ထပ် ​ဘင်္ဂလားကို မသွားချင်​​တော့ပါဘူး။ ဒီမိမိ​မွေးဖွားရာမြန်​မာနိုင်​ငံမှာပဲ ​ပျော်​တယ်​တဲ့ ဘင်္ဂလားမှာ လည်း ရိက္ခာ​တွေဘာ​တွေ​တော့ရပါတယ်။ မ​လေးရှားကို သွားဖို့ စက်လှေခက တာကာ​ငွေ ၂​ ​သောင်း​ပေးရတယ်​။ မ​လေးရှားကို​ရောက်​ရင် မ​လေးရှား​ငွေ ၈ ​ထောင်​ ၉ ​ထောင်​ ​လောက်​​ပေးရမယ်​”လို့​ ဘာသာပြန်​ကတဆင့် ပြောပါတယ်​။
မောင်​​တောမြို့နယ်​​တောင်​ပိုင်း မြင်းလွှတ်​ကမ်း​ခြေမှာ ဇူလိုင်​ ၇ ရက်​​က ဖမ်းမိခဲ့​တဲ့ ဘင်္ဂါလီ ၆၁ ဦးထဲက​ စစ်​​တွေဒုက္ခသည်​စခန်းမှ ၂၇ ဦးကို လ၀ကဥပ​ဒေပုဒ်​မ ၁၃(၁)နဲ့ အမူဖွင့်​အ​ရေးယူခဲ့ပါတယ်။
ကျန်​ရှိ​နေတဲ့ ​မောင်​​တောနဲ့ ဘူးသီး​တောင်​မြို့နယ်​မှ ဘင်္ဂါလီ ၃၁ ဦးကို UEHRD အစီအစဉ်​နဲ့ ဇူလိုင်​ ၂၈ ရက်​​နေ့မှာ ငါးခူရပြန်​လည်​လက်​ခံ​ရေး စခန်းမှာ အကြမ်းဖက် အဖွဲ့ဝင်စာရင်းမှာ ပါဝင်​တာ ရှိမရှိစိစစ်​ စစ်​​ဆေး​မေးမြန်း မှတ်​တမ်းတင်​ထားပြီး နေရပ်ကို ပြန်ပို့ခဲ့တာ ဖြစ်ပါတယ်။
ကောင်း​ကောင်း
DVB

0 comments:

Post a Comment