Tuesday, July 30, 2019

သူငယ်ပြန်သည့်အရွယ်များ နိုင်ငံကိုမအုပ်ချုပ်စေချင်၍ နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတတို့၏ အသက်အရွယ်သတ်မှတ်ချက်ကို ၇၀နှစ်အထိသာသတ်မှတ်ရန် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်အကြံပြု

Image may contain: 3 people, people standing, hat and indoor

သူငယ်ပြန်သည့်အရွယ်များ နိုင်ငံကိုမအုပ်ချုပ်စေချင်၍ နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတတို့၏ အသက်အရွယ်သတ်မှတ်ချက်ကို ၇၀နှစ်အထိသာသတ်မှတ်ရန် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်ဖြစ်သူ ဦးမောင်မြင့်က ဇူလိုင် ၃၀ ရက်ပြည်ထောင်စုလွှတ်တော်တွင် အကြံပြုဆွေးနွေးခဲ့သည်။

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးရာတွင် ယင်းသို့ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
“၅၉ (ဂ) ရွေးချယ်တင်မြောက်ခြင်းခံရသူသည် အသက် ၄၀ နှစ်ပြည့်ပြီး ၇၀နှစ်ထက်မကြီးသူဖြစ်ရမည်။ဒီအချက်က နိုင်ငံတကာမှာ လူငယ်လူရွယ်တွေ နိုင်ငံခေါင်းဆောင်ဖြစ်လာနေကြပြီး လူငယ်တွေကို နေရာပေးဖို့ အသက်ကို ၄၀ အထိလျှော့ချရတာဖြစ်ပါတယ်။ မူလကအသက်ဘယ်လောက်အထိဆိုတာမပါပေမယ့် မြန်မာလူမျိုးတွေရဲ့ Life Expectancy နဲ့ ခန္ဓာဗေဒအရ ၇၀ထိပဲခွင့်ပြုရင်တောင် တာဝန်ပြီးဆုံးချိန်မှာ ၇၅နှစ် ရှိနေပါပြီ ။ ဒါကြောင့် ၇၀ နှစ်ထက်မကြီးသူဖြစ်ရမည် ဆိုလိုတာက သူငယ်ပြန်တဲ့အရွယ်တွေ နိုင်ငံကိုမအုပ်ချုပ်စေချင်လို့ပါ။”ဟု ကိုယ်စားလှယ် ဦးမောင်မြင့်က ဆွေးနွေးပြောကြားခဲ့သည်။
ထို့အတူ ပုဒ်မ ၅၉(ဃ)တွင်လည်း နိုင်ငံတော်၏ အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊စီးပွားရေး၊ကာကွယ်ရေးနှင့် လုံခြုံရေးစသည့် အမြင်များရှိရမည်။ ထို့အပြင် အနည်းဆုံးမဟာဘွဲ့ရရှိပြီးသူဖြစ်ရမည်။ မဟာဘွဲ့ဆိုသည်မှာ မူလက မပါဝင်သော်လည်း နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ပြီး နိုင်ငံ့ဂုဏ် မငယ်စေရန် ထည့်သွင်းရခြင်းဖြစ်သည်ဟု ဦးမောင်မြင့်က ဆက်လက်ပြောကြားခဲ့သည်။
The Ladies News

0 comments:

Post a Comment