Wednesday, July 31, 2019

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ



ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်အထူးတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၃၀ ရက်နေ့ ၀၃၃၀ အချိန်တွင် သင်္ဃန်းကျွန်းမြို့ နယ်၊ သုဝဏ္ဏနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ လှည့်ကင်းဆောင်ရွက်နေစဉ် သုဝဏ္ဏ၊ (က)ရပ်ကွက်၊ ရတနာမဉ္ဇူလမ်းတွင် မော်တော်ယာဉ် တစ်စီးအား မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရာ ယာဉ်မောင်းဖြစ်သူ ဒဂုံမြို့သစ်(အရှေ့)မြို့ နယ်၊ အမှတ်(၅) ရပ်ကွက်နေ ညီဇော်ထွန်း ၂၂ နှစ်အားတွေ့ရှိပြီး ယာဉ်ပေါ်ရှိ လက်ဆွဲအိတ်အတွင်းမှ ပလတ်စတစ်အိတ်ဖြင့်ထုပ်ထား သည့် ICE အလေးချိန် ၂၃၀ ဂရမ်(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၆၁ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အလားတူ ယင်းနေ့ ၁၅၅ဝ အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ သုဝဏ္ဏ၊ (၂၃)ရပ်ကွက်နေ ဒေါ်ရီရီဝင်း ၄၇ နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေ ရာ ၎င်းနှင့်အတူ နေအိမ် နောက်ဖေးခြံစည်းရိုး အုတ်တံတိုင်းဘေးမှ ကြွတ်ကြွတ်အိတ်အတွင်း ပလတ်စတစ်ကပ်ခွာ အိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွ ရူးသွပ်ဆေးပြား ၁၃၇၅ဝ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၄၃.၇၅ သိန်း)၊ မိန်းမကိုင် လက်စွဲအိတ်အတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၅ဝ ဂရမ် (ဒေသ ကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၄ဝ သိန်း)နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့်စပ်လျဉ်း၍ သုဝဏ္ဏနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုများရေးဖွင့်ပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်းလည်း ထုတ်ပြန်ချက် အရ သိရသည်။

Credit - CCDAC 
The Ladies News

0 comments:

Post a Comment