Wednesday, July 31, 2019

အိုစမာဘင်လာဒင်ရဲ့ သား ဟမ်ဇာဘင်လာဒင် ကွယ်လွန်

Image may contain: 1 person
အယ်လ်ကိုင်းဒါးစစ်သွေးကြွအဖွဲ့ ဖွဲ့စည်းခဲ့တဲ့ အိုစမာဘင်လာဒင်ရဲ့သားဖြစ်သူ Hamza Bin Laden ကွယ်လွန်သွားပြီလို့ အမေရိကန်ထောက်လှမ်းရေးအရာရှိတွေက ထုတ်ပြန်လိုက်ပါတယ်။ 
ဟမ်ဇာ ဘယ်နေရာမှာ၊ ဘယ်အချိန်က ကွယ်လွန်သွားခဲ့တယ်ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။ 

အမေရိကန်အစိုးရဟာ ဟမ်ဇာ ရှိတဲ့နေရာကို သတင်းပေးနိုင်သူအား အမေရိကန်ဒေါ်လာ(၁)သန်း ဆုချမယ်ဆိုပြီး ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ဆုငွေထုတ်ထားတာဖြစ်ပါတယ်။ အသက်(၃၀)နှစ်ခန့်ရှိပြီဖြစ်တဲ့ ဟမ်ဇာ ဟာ အမေရိကန် နဲ့ အခြားနိုင်ငံတွေကို တိုက်ခိုက်မှုတွေလုပ်ဖို့ သူ့ရဲ့နောက်လိုက်တွေကိုဆော်သြထားတဲ့ အသံဖိုင်နဲ့ ဗီဒီယိုမိန့်ခွန်းတွေ ထုတ်လွှင့်ခဲ့တာကြောင့် အမေရိကန်အစိုးရက သူ့ကို ဆုငွေထုတ်ခဲ့တာဖြစ်ပါတယ်။ 

ဟမ်ဇာကွယ်လွန်သွားပြီဆိုတဲ့သတင်းတွေကိုတော့ NBC သတင်းဌာနနဲ့ New York Times သတင်းစာတွေမှာ ပထမဆုံးထုတ်ပြန်ခဲ့ တာဖြစ်တယ်လို့ ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။


ဘာသာပြန် - စုစံစိုး

0 comments:

Post a Comment