Tuesday, July 30, 2019

သက်ငယ်မုဒိမ်းမှုတွေ မဖြစ်အောင် ညစ်ညမ်းဇာတ်ကားတွေကို ဆင်ဆာပိတ်သင့်တယ် ဆိုတဲ့ သင်ဇာဝင့်ကျော်

သက်ငယ်မုဒိမ်းမှုတွေ မဖြစ်အောင် ညစ်ညမ်းဇာတ်ကားတွေကို ဆင်ဆာပိတ်သင့်တယ် ဆိုတဲ့ သင်ဇာဝင့်ကျော်
သက်ငယ်မုဒိမ်းမှုတွေ မဖြစ်အောင် ညစ်ညမ်းဇာတ်ကားတွေက်ု ဆင်ဆာ ပိတ်သင့်တယ်လို့သရုပ်ဆောင် သင်ဇာဝင့်ကျော်က ပြောလာပါတယ်။
သက်ငယ်မုဒိမ်းမှုတွေ ဖြစ်လာတာ က လျှပ်ပေါ်လီတဲ့ အဝတ်စားတွေ ဝတ်ပြီးတော့ လူမှုကွန်ရက်စာမျက်နှာတင်တဲ့သူတချို့ကြောင့်လို့ ဝေဖန်ပြောဆိုမှုတွေရှိတဲ့အပေါ်မှာ သင်ဇာဝင့်ကျော်က အခုလို ပြန်လည်ဖြေရှင်းပြောပြခဲ့တာဖြစ်ပါတယ်။
ဓါတ်ပုံတစ်ပုံကြောင့်နဲ့  သက်ငယ်မုဒိမ်းမှုတွေ ဖြစ်သွားစရာမဟုတ်တဲ့အတွက် အပြာကားတွေကို ဆင်ဆာပိတ်သင့်တယ်ဆိုတဲ့အကြောင်းကို သင်ဇာဝင့်ကျော်က
 “အဓိကကတော့ အပြာကားတွေကို ဆင်ဆာ ပိတ်သင့်တယ်လို့ ထင်တယ်။ ဓါတ်ပုံတစ်ပုံကတော့ အဲ့ဒီလောက်ကြီး ဖြစ်သွားစရာအကြောင်းမရှိဘူး။ မိဘတွေကလည်း ကလေးတွေကို ကျောင်းပို့ ကျောင်းကြိုကို သေချာလေး ဂရုစိုက်သင့်တယ်။ ပြီးတော့ ကိုယ်ရဲ့သားသမီးကို ဘယ် သူစိမ်းနဲ့မှ မအပ်ဖို့လည်း ပြောချင်တယ်။ ကိုယ်ရဲ့ကလေးကို မျက်စိဒေါက်ထောက် ကြည့်နေဖို့လည်း လိုပါတယ်။ အဲ့ဒီလိုမျိုး လူတွေကိုလည်း သေဒဏ်ပေးသင့်တယ်လို့ ထင်ပါတယ်။” လို့ ပြောပြခဲ့ပါတယ်။
Sexyကျတဲ့ ၀တ်စားဆင်ယင်မှုတွေနဲ့ ပရိသတ်အားပေးမှုတွေရရှိလာတဲ့ သင်ဇာဝင့်ကျော်က သူမ အသက် ၃၅ နှစ် မတိုင်ခင်မှ သာ အိမ်ထောင်တစ်ခုကို တည်ဆောက်ဖို့စဉ်းစားမှာ ဖြစ်သလို လက်ရှိမှာတော့ တစ်ယောက်တည်းသာနေဖြစ်ဦးမယ်လို့ ဆက်လက်ပြောပြခဲ့ပါတယ်။
အနုပညာနဲ့ ပတ်သက်ပြီး သင်ဇာဝင့်ကျော်က အလုပ်တွေကို ခဏနားထားပြီးတရားစခန်းဝင်နေသလို လာမယ့် သြဂုတ်လမှာတော့ မြင့်မြတ်၊ အိချောပို၊ မေမြင့်မိုရ်တို့နဲ့ အတူ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ Crush ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသတော့မယ်လို့သိရပါတယ်။

မျိုးကေခိုင် ( အကုန်သိ သတင်းဌာန )

0 comments:

Post a Comment