Monday, July 29, 2019

ပနားမားတွင် ကိုကင်း ၃ တန်နီးပါး ဖမ်းဆီးရမိ

ပနားမားနိုင်ငံမှာ  ဇူလိုင်လ ၂၉ ရက်နေ့က ကိုကင်းမူးယစ်ဆေးဝါး ၃ တန်နီးပါးကို အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့ပါတယ်။

နိုင်ငံအနောက်ပိုင်းမှာ  အာဏာပိုင်တွေနဲ့ ထောက်လှမ်းရေးအဖွဲ့ ပူးပေါင်းပြီး  ကိုကင်း အိတ်ပေါင်း ၉၄ အိတ်ကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒါဟာ မကြာသေးခင်ရက်တွေအတွင်း ဒုတိယမြောက် ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။
အာဏာပိုင်တွေ ရောက်ချိန်မှာ သံသယရှိသူတွေ ထွက်ပြေးသွားတာကြောင့် တရားခံတွေကိုတော့ ဖမ်းဆီးရမိတာမရှိဘူးလို့ သက်ဆိုင်ရာက သတင်းထုတ်ပြန်ပါတယ်။
ဒီသီတင်းပတ်အကုန်မှာဖမ်းမိတဲ့ ကိုကင်းတွေရဲ့  ကာလပေါက်ဈေးဟာ အမေရိကန် ဒေါ်လာ သန်း ၇၀ လောက် ရှိတယ်လို့ စစ်ဆင်ရေး တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။
ပနားမားနိုင်ငံမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့ကလည်း ကိုကင်းတန်ချိန် ၄ တန်လောက်ကို အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့ပါတယ်။
တောင်အမေရိကနိုင်ငံတွေကနေ ကိုကင်းတွေ အမေရိကန်ဈေးကွက်ကို တင်ပို့ရာမှာ ဗဟိုအမေရိကနဲ့ မက္ကဆီကိုတို့ဟာ အဓိက ကြားခံစခန်းတွေ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဓာတ်ပုံ-ရိုက်တာ
DVB

0 comments:

Post a Comment