Tuesday, July 30, 2019

အိန္ဒိယမှ မြန်မာနိုင်ငံသို့ ရေငုပ်သင်္ဘောတတစ်စီး ယခုနှစ်အတွင်း လွှဲပြောင်းပေးအပ်မည်


.
အိန္ဒိယနိုင်ငံမှ မြန်မာ့တပ်မတော်သို့ ကီလိုအတန်းအစားရေငုပ်သင်္ဘောတစ်စီး ယခုနှစ်အတွင်း လွှြဲေ့ပာင်းပေး အပ်မည်ဖြစ်ကြောင်း အိန္ဒိယတပ်မတော်၏ ပြောကြားချက်ကို ကိုးကားပြီး ET သတင်းဌာနက ဖော်ပြလိုက် သည်။
ကီလိုအတန်းအစား ရေငုပ်သင်္ဘောများကို ၁၉၈၀ ပြည့်လွန်နှစ်များက ဆိုဗီယက်ယူနီယံက ထုပ်လုပ်ခဲ့သည်။ ယခု လွှဲအပ်ပေးမည့် ရေငုပ်သင်္ဘောသည် မြန်မာ့တပ်မတော်တွင် လေ့ကျင့်ရေးရေငုပ်သင်္ဘောအဖြစ် အသုံးပြု ရန်ဖြစ်ပြီး လိုအပ်သော အဆင့်မြင့်တင်မှုများကို ဟိန္ဒူစတန်နီ ရေတပ်သင်္ဘောကျင်းတွင် ပြုလုပ်လျက်ရှိသည်။ အိန္ဒိယနှင့် မြန်မာနိုင်ငံသည် စစ်ရေးပူပေါင်းဆောင်ရွက်မှုများကို မြင့်တင်လျက်ရှိရာ ၂၀၁၇ ခုနှစ်ကလည်း အိန္ဒိယနိုင်ငံထုတ် ရှယီနာအမည်ရှိ အဆင့်မြင့်တော်ပီဒိုများကို ဒေါ်လာ ၃၈ သန်းဖိုး မြန်မာ့ တပ်မတော်က ၀ယ်ယူခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ပြဿနာဖြစ်ပွားနေသော ဘင်္ဂလားဒေ့ခ်ျသည် ၂၀၁၇ ခုနှစ်က တရုတ်နိုင်ငံထုတ် မင် အတန်း အစား Type 035G ရေငုပ်သင်္ဘောနှစ်စီးကို အမေရိကန်ဒေါ်လာ ၂၀၃ သန်းဖြင့် ၀ယ်ယူခဲ့သည့်အတွက် စစ်ရေးချိန်ခွင်လျာညှိရန် မြန်မာနိုင်ငံအနေဖြင့် ရေငုပ်သင်္ဘောပိုင်ဆိုင်ရန် ဆောင်ရွက်လာခြင်းဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။


Tomorrow News Journal

0 comments:

Post a Comment