Monday, July 29, 2019

တရုတ်ဝန်ကြီးချုပ်ဟောင်း Li Peng ကွယ်လွန်


တရုတ်ဝန်ကြီးချုပ်ဟောင်း Li Peng ကွယ်လွန်သွားပြီဖြစ်လို့ သူ့ကို မီးမသဂြိင်္ုလ်ခင်မှာ သမ္မတရှီကျင်းပင်၊ ၀န်ကြီးချုပ် လီခယ်ကျင်း နဲ့ သမ္မတဟောင်း Jiang Zemin တို့က နောက်ဆုံးအကြိမ် အရိုအသေပေးခဲ့ကြပါတယ်။ 
အသက်(၉၀)နှစ်အရွယ် မစ္စတာ Li Peng ဟာ အခုလ(၂၉)ရက်နေ့ညက ပေကျင်းမြို့တော်မှာ ကွယ်လွန်သွားတာဖြစ် တယ်လို့ နိုင်ငံပိုင်သတင်းဌာန ဆင်ဟွာမှာ ထုတ်ပြန်ခဲ့ပါတယ်။ မစ္စတာ Li Peng ရဲ့အစိုးရဟာ (၁၉၈၉)ခုနှစ်၊ ဇွန်လ(၄) ရက်နေ့က ကျောင်းသားတွေဦးဆောင်တဲ့ဒီမိုကရေစီထောက်ခံရေးဆန္ဒပြပွဲတွေကို သွေးထွက်သံယိုဖြစ်အောင် နှိမ်နင်းဖြိုခွဲခွင့်ပေးခဲ့တာဖြစ်ပါတယ်။ 
မစ္စတာ Li Peng ဟာ နေမကောင်းဖြစ်နေရာက ဆေးကုသမှုမအောင်မြင်ခဲ့ပဲ အခုလို ကွယ်လွန်သွားခဲ့တာလို့ ဆင်ဟွာမှာ ဖော်ပြထားပါတယ်။ 
ဟောင်ကောင်မှာ အကြမ်းဖက်ဆန္ဒပြမှုတွေဖြစ်ပွားနေလို့ တရုတ်အစိုးရက ကိုင်တွယ်ဖြေရှင်းနေချိန်မှာ မစ္စတာ Li Peng က ကွယ်လွန်ခဲ့တာဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။



ဘာသာပြန် - စုစံစိုး

0 comments:

Post a Comment