Wednesday, July 31, 2019

မယ်ဆိုင်တွင် မြန်မာနိုင်ငံသား ၁ ဦးထံက ရွှေချောင်းများ ဖမ်းဆီးရမိ

03-22-1024x768
ထိုင်း- မြန်မာနယ်စပ် တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတား အမှတ် ၁ မှာ မြန်မာ နိုင်ငံသား ၁ ဦးထံက အလေးချိန်  ၇၀ ကျပ်သားခန့်ရှိ ရွှေချောင်းတွေ ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်နယူးစ်အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းစစ်တပ်၊ အကောက်ခွန်နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက တာဝန်ရှိသူတွေဟာ ဇူလိုင် ၃၀ ရက် ညနေ ၄ နာရီခွဲလောက်က တာဝန်ဝတ္တရားအရ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားဂိတ် အ၀င်အထွက်ကို စစ်ဆေးစဉ် အနက်ရောင်တို ယိုတာမှန်လုံကားတစီးပေါ်ကနေ အဆိုပါရွှေချောင်းတွေကို ဖမ်းဆီးရမိတာပါ။  
ယာဉ်မောင်းသူမှာ အသက် ၃၆ နှစ်ရွယ် မြန်မာနိုင်ငံသား စိုင်းကောင်းဆု ဖြစ်ပြီး ရွှေချောင်းပါတဲ့အိတ်ကို ကားရှေ့ခန်း ယာဉ်မောင်းထိုင်ခုံဘေးက  ပစ္စည်းထားတဲ့နေရာမှာ သိမ်းထုတ် ယူဆာင်လာတာလို့ ဆိုပါတယ်။
စစ်ဆေးချက်အရ ရွှေချောင်း စုစုပေါင်း ၈ ချောင်းရှိပြီး တချောင်းကို  ကာလတန်ဖိုး ထိုင်းဘတ်ငွေ ၁ သန်း ၆ သိန်းကျော်ရှိမယ်လို့ တာဝန်ရှိသူတွေ ခန့်မှန်းပါတယ်။ 
ရွှေချောင်းတွေ သယ်ယူလာရခြင်းနဲ့ပတ်သက်ပြီး ဥပဒေအရအရေးယူကာ ကွင်းဆက်တွေ ဆက်လက်စုံစမ်းဖော်ထုတ်ဖို့ အဆိုပါ မြန်မာယာဉ်မောင်းကို သက်ဆိုင်ရာက ခေါ်ယူ ထိန်းသိမ်း ထားပါတယ်။
ထိုင်းနိုင်ငံရဲ့ အကောက်ခွန်ဥပဒေအရ အခုလို ပမာဏများပြားတဲ့ရွှေတွေကို နိုင်ငံဖြတ်ကျော်သယ်ဆောင်မယ်ဆိုရင် သက်ဆိုင်ရာ အကောက်ခွန်ဦးစီးဌာနမှာ ခိုင်လုံတဲ့ အကြောင်းပြချက်နဲ့  အခွန်ငွေဆောင်ပြီး ခွင့်ပြုချက်ယူရမှာ ဖြစ်ပါတယ်။ 
04-15-1024x768
05-13-1024x768
S__36126803-1024x768

ကိုးကား – maesainewsonline 
DVB

0 comments:

Post a Comment