Wednesday, July 31, 2019

(၆) ကြိမ်​​မြောက်​ ​သိန်း ၁၅၀၀၀ အောင်ဘာလေသိန်းဆု ဟင်္သာတမြို့မှထပ်မံဆွတ်ခူး

Image may contain: 1 person, smiling, standing and stripes
ဟင်္သာတမြို့ နှစ်ကြိမ်ဆက်တိုက် သိန်း ၁၅၀၀၀ ဆု ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ယနေ့ဖွင့်လှစ်ခဲ့သည့် (၆) ကြိမ်​​မြောက်​ ​ကျပ်​ ၁၀၀၀ တန်​ အောင်ဘာလေသိန်းဆုမဲများတွင် သိန်း ၁၅၀၀၀ အောင်ဘာလေသိန်းဆုကို ဟင်္သာတမြို့မှ ကံထူးရှင်တစ်ဦးက ကံထူးခဲ့ကြောင်း သိရသည်။

အောင်ဘာလေထီဆုများတွင် အမြင့်ဆုံးဆုဖြစ်သည့် သိန်းတစ်သောင်းခွဲဆုကို ပေါက်မဲနံပါတ် မ ၇၁၄၂၉၁ ဖြင့် ဟင်္သာတမြို့ရှိ မင်္ဂလာစွယ်တော်ထီဆိုင်တွင် ထိုးထားသည့်သူတစ်ဦးမှ ဆွတ်ခူးသွားခြင်းဖြစ်ပြီး ကံထူးရှင် မည်သူမည်ဝါဆိုသည်ကိုမှု မသိရသေးပေ။

"စွယ်တော်ဆိုင်က သိန်း ၁၅၀၀၀ ဆုပါတာ မှန်ပါတယ်။ လက်ရှိအချိန်ထိတော့ ပိုင်ရှင်ဘယ်သူလဲဆိုတာ မသိရသေးပါဘူး"ဟု ဟင်္သာတမြို့ခံ ကိုကျော်ဗိုလ်ဗိုလ်ဆွေက စံတော်ချိန်သို့ ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၁)ရက်နေ့မှာ ထွက်ရှိခဲ့သည့် (၅)ကြိမ်မြောက် ကျပ်သိန်းတစ်သောင်းခွဲဆုကိုလည်း ဟင်္သာတမြို့ အေးမြသာယာရပ်ကွက်တွင်နေထိုင်သည့် အဘွားတစ်ဦးက ပေါက်မဲနံပတ် (င-၉၂၈၁၇၇) ဖြင့် ဆွတ်ခူးထားခဲ့ဘူးသည်။

သတင်း - လင်းခန့်
ဓာတ်ပုံ - စွယ်တော်ထီဆိုင်

0 comments:

Post a Comment