Wednesday, July 31, 2019

"ဗစ်တိုးရီးယားလေးအမှု တတိယအကြိမ်ရုံးချိန်း"

နေပြည်တော်၊သြဂုတ်လ(၁)ရက်။သည်ကနေ့ ဗစ်တိုးရီးယားလေး အမှုရဲ့ တတိယအကြိမ်ရုံးချိန်းကို လာရောက်လေ့လာ နားထောင်ကြတဲ့ ပြည်သူအချို့ဟာ ဒက္ခိဏခရိုင်တရားရုံးရဲ့ရှေ့ကို စတင်ရောက်ရှိနေကြပြီဖြစ်ပါတယ်။

သည်ကနေ့ တတိယအကြိမ်ရုံးချိန်းမှာတော့ ဗစ်တိုးရီးယားလေးရဲ့မိခင်ကို သံသယတရားခံ အောင်ကြီးရဲ့ ရှေ့နေဘက်က အပြန်အလှန်စစ်ဆေးမေးမြန်းမှုတွေပြုလုပ်မှာဖြစ်တယ်လို့ အောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောဆိုထားပါတယ်။


ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့ ဒုတိယအကြိမ်ရုံးချိန်းတုန်းကလည်း ဗစ်တိုးရီးယားလေးရဲ့မိခင်ကို အစိုးရရှေ့နေက စတင်မေးမြန်းခဲ့တာဖြစ်ပါတယ်။
Author - မာရီခိုင်

0 comments:

Post a Comment