Tuesday, July 30, 2019

တပ်မတော်သားကိုယ်စားလှယ် ၅၀ ရာခိုင်နှုန်း ပါဝင်သင့်ဟု မင်းကင်းအမတ်ဆို


ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တပ်မတော်အား တာဝန်ယူမှုမရှိသည့် အဖွဲ့အစည်းဖြစ်အောင် တွန်းပို့ စေသည့်အချက်ကို မထည့်သွင်းစေလိုကြောင်း ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအမတ် မင်းကင်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့် က ပြောဆိုသည်။

ဇူလိုင် ၃၀ ရက်က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်း အဝေး ဆဋ္ဌမနေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်ကိုယ် စားလှယ်များဆွေးနွေးရာ ၎င်းက ယင်းကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း (၁) နိုင်ငံတော်၏ အခြေခံမူများ ပုဒ်မ-၄၀ (ခ)နှင့်ပတ်သက်၍ NLD ပါတီ နှင့် ရခိုင်အမျိုးသားပါတီတို့က တင်ပြထားသည့် အကြံပြု ချက်များအား လေ့လာရာတွင် တိုင်းပြည်၌ ပြည်သူများ ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အရေးပေါ် အခြေအနေ ပေါ်ပေါက်လာလျှင်ပင် တပ်မတော်သည်သမ္မတ၏ ညွှန်ကြားချက်မရပါက ဘာမျှဆောင်ရွက်၍ မရဟူသည့် အဓိပ္ပာယ်သက်ရောက်နေကြောင်း ဦးမောင်မြင့်ကပြောဆိုသည်။
"ပြည်သူကို ဗဟိုပြုတဲ့ ဥပဒေတစ်ခုမှာ တပ်မတော်တစ်ခုကို တာဝန်ယူမှုမရှိတဲ့ အဖွဲ့အစည်းဖြစ်အောင် တွန်းပို့စေတဲ့အချက်ကိုတော့ မထည့်သွင်းစေလိုပါဘူး"ဟု ၎င်းက ပြောဆိုသည်။
ထို့ကြောင့် အကြံပြုချက်အနေဖြင့်ပြည်ထောင်စုနယ်မြေတွင်ဖြစ်စေ၊ တိုင်းဒေသကြီးတစ်ခုတွင်ဖြစ်စေ၊ ပြည်နယ်တစ်ခုတွင်ဖြစ်စေ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင် သို့မဟုတ် ပေါ်ပေါက်ရန် လုံလောက်သောအကြောင်းရှိလျှင် ထိုအန္တရာယ်ကိုနိုင်ငံတော်သမ္မတမှ အသိအမှတ်မပြုပါက နိုင်ငံတော်သမ္မတမှ တာဝန်မပေးသော်လည်း တပ်မတော်သည် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ တားဆီးကာကွယ်စောင့်ရှောက်ခွင့်ရှိသည်ဟု တင်ပြခဲ့သည်။
ထို့ပြင် ပုဒ်မ(၁၄)တွင် တပ်မတော်သား ကိုယ်စားလှယ်များ၏ အရေအတွက်ကို လွှတ်တော်သက်တမ်းအလိုက်လျှော့ချရန် NLD ပါတီက တင်ပြခဲ့ပြီး အခြားပါတီလေးခုက ပယ်ဖျက်ရန် တင်ပြခဲ့သည့်အပေါ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီသည်Transition Period ဖြစ်ပြီး အင်မတန်နုနယ်သေးကြောင်း၊ အနောက်ကမ္ဘာနှင့်OIC တို့နှင့်အတူ UN မြန်မာနိုင်ငံရေးတွင် ၀င်ရောက်စွက်ဖက်ခြယ်လှယ်မှုများပြားလာသကဲ့သို့ ငြိမ်းချမ်းရေး အပြီးသတ်မရရှိသေးသည့် လက်နက်ကိုင်များ၏အင်အားကလည်း ယခင် တစ်သိန်းကျော်ကနေ ကြောက်ခမန်းလိလိကြီးထွားလာနေကြောင်း၊ ထိုအခြေအနေမျိုးတွင် တပ်မတော်သည် လွှတ်တော်ကနေ ရာခိုင်နှုန်းလျှော့ချရန်နှင့် လုံးဝဆုတ်ခွာရန် ကိစ္စသည်မဖြစ်နိုင်သေးကြောင်း ဦးမောင်မြင့်က ပြောဆိုသည်။
"ကျွန်တော် တပ်မတော်သား ကိုယ်စားလှယ် အိမ်နီးချင်း ထိုင်းနိုင်ငံမှာတောင် သူ့နိုင်ငံရဲ့ အမျိုးသားရေး လိုအပ်ချက်အရ ဒီမိုကရေစီနိုင်ငံဆိုပေမယ့်တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပါဝင်မှုကို ယခင်ကထက်ရာခိုင်နှုန်းမြှင့်တင်ခဲ့တာကို သင်ခန်းစာရယူရမှာဖြစ်ပါတယ်"ဟု၎င်းကပြောဆိုသည်။
"ထို့ကြောင့် အကြံပြုချက်အနေဖြင့်ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များအဖြစ် လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ၅၀ရာခိုင်နှုန်း ပါဝင်သည်"ဟု ထည့်သွင်းအကြံပြုဆွေးနွေးခဲ့သည်။ ထို့ပြင် ပုဒ်မ-၄၀(ဂ)တွင်လည်းNLD ပါတီအနေဖြင့် အကြံပြုထားသည့်အပေါ်တွင်လည်း နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊အကြမ်းဖက်မှုစသော အဓမ္မနည်းဖြင့်ရယူရန် ဆောင်ရွက်ခြင်း သို့မဟုတ်ကြိုးပမ်းအားထုတ်ခြင်းကြောင့် ပြည်ထောင်စုပြိုကွဲစေမည့်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲစေမည့် သို့မဟုတ်အချုပ်အခြာအာဏာလက်လွတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူပြီး ဆုံးဖြတ်ချက်အတိုင်း တပ်မတော်ကဆောင်ရွက်ရမည်ဟု ဦးမောင်မြင့်ကအကြံပြုဆွေးနွေးခဲ့သည်။
သတင်း - မင်းမင်းထွန်း

The Standard Time Daily

0 comments:

Post a Comment