Monday, July 29, 2019

ပုဂံဒေသကို ရှေးဟောင်းအမွေအနှစ်စာရင်းမှပြန်လည်ပျက်ပြယ်နိုင်သည့်အချက်များ သတိပြုရန်လိုအပ်ဟု ဆို


Image may contain: indoor
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ရှေးဟောင်းအမွေအနှစ်စာရင်းမှပြန်လည်ပျက်ပြယ်နိုင်သည့်အချက်များ သတိပြုရန်လိုအပ်ကြောင်း မြန်မာရှေးဟောင်းသုတေသနပညာအသင်းမှ အတွင်းရေးမှူး ကိုသူရအောင်က ပြောသည်။
အကုန်သိသတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုကို ယခုကဲ့သို့ ပြန်လည်ဖြေကြားပေးခဲ့ခြင်း ဖြစ်သည်။ 
“ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ပြီးသွားရင် ပြန်ပျက်နိုင်တဲ့အခြေအနေ အချက်အလက်တွေလည်း ၃၊ ၄ခုလောက်ရှိပါတယ်။ အဲဒါတွေကိုသတိပြုဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ ပုဂံဒေသကိုကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ်တင်ခဲ့တာ ဘုရားတွေကြီးပဲမဟုတ်ဘူး။ ရွာ ၁၉ ရွာနဲ့ ဘုရား ၃၈၂၂ ဆူ ၊တောင်တောင်၊ရေမြေ၊ ဒါတွေပါဝင်တယ်။ အဲဒီတော့ ဘုရားတွေမပျက်ပေမဲ့ သူ့သဘာဝတောတောင် ရေမြေတွေပျက်ရင်လည်းဒါအမွေအနှစ်ပျက်တာပဲ။အဲဒီတော့ နံပါတ် ၁ ချက်ကတရားဥပဒေစိုးမိုးမှုမရှိရင်လည်း ဖျက်ဖို့တင်ပြခံရနိုင်တယ်။ အဲဒီဒေသမှာရှေးဟောင်းအမွေအနှစ်တွေကိုကာကွယ်ဖို့ဥပဒေရှိရမယ်။ အဲဒီတော့ ဥပဒေကရှိပြီ။ ထိန်းချုပ်မရှိရင် ဥပဒေအသက်မ၀င်ရင်လည်း ပျက်ပြယ်တယ်။ နောက်တစ်ခုက ဖွံ့ဖြိုးရေး Plan တွေလည်း ကမ္ဘာ့အမွေအနှစ်ကိုထိတယ်။ အဲဒီတော့ အစီရင်ခံတဲ့ အဖွဲ့ကစောင့်ကြည့်မှာပေါ့။ မြန်မာဘက်ကလည်း အစီရင်ခံရတယ်”ဟု မြန်မာရှေးဟောင်းသုတေသနပညာအသင်းမှ အတွင်းရေးမှူး ကိုသူရအောင်က ပြောသည်။
ပုဂံဒေသကို ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ဒေသအဖြစ် အဇာဘိုင်ဂျန်နိုင်ငံတွင် ဇူလိုင်လဆန်းက ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းစောင့်ရေးအဖွဲ့ ညီလာခံတွင် ဆုံးဖြတ်ခဲ့သည်။
ပုဂံဒေသရှိ နန်းမြင့်မျှော်စင်နှင့်ဟိုတယ်ဇုန်များကို ဖျက်သိမ်းစရာမလိုဘဲ ရောပြွမ်းယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်ပေးရန်တင်ပြရာ ယူနက်စကိုမှခွင့်ပြုထားပြီး နောက်ထပ်အသစ်များထပ်မံမဆောက်လုပ်ရန်သာ သတိပေးထားကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုက ပြောကြားထားသည်။
Image may contain: sky and outdoor
Image may contain: sky, cloud, tree, outdoor and nature
Image may contain: mountain, sky, outdoor and nature
မင်းသီဟန်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment