Wednesday, July 31, 2019

ပဉ္စမတန်းကျောင်းသူကို စာသင်ခန်းအတွင်း အဓမ္မပြုကျင့်သည့် ကျောင်းလုပ်သားအား ထောင်ဒဏ် နှစ် ၂၀ ချမှတ်

မကွေးတိုင်းဒေသကြီး  မင်းလှမြို့နယ်တွင် အလယ် တန်းကျောင်း စာသင်ခန်းအတွင်းဖြစ်ပွားခဲ့သည့် ကျောင်းအထွေထွေလုပ်သားက ပဉ္စမတန်းကျောင်းသူကို အဓမ္မပြုကျင့်မှု  တစ်နှစ်ကျော်ကြာ စစ်ဆေးပြီးနောက် တရားခံအား ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့သည်။

မင်းလှမြို့နယ် ကျေးရွာတစ်ရွာရှိ အလယ်တန်းကျောင်းတစ်ကျောင်းတွင် အသက် (၅၂)နှစ်အရွယ် အိမ်ထောင်သည် ကျောင်းအထွေထွေလုပ်သားက အသက်(၁၁)နှစ် ရှစ်လအရွယ် ပဉ္စမတန်းကျောင်းသူတစ်ဦးကို ၂၀၁၈ ဇန်နဝါရီ ၃၁ ရက်က အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့သည်။
အသက်မပြည့်သေးသူကို အဓမ္မပြုကျင့်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ဖြင့် တရားစွဲဆိုခဲ့သည့် အဆိုပါ အမှုကို မင်းဘူးခရိုင်တရားရုံးက စစ်ဆေးပြီးနောက် အောင်ဆန်းဆိုသူ တရားခံအမျိုးသားကို ဇူလိုင် ၃၀ ရက် တွင် ထောင်ဒဏ်နှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

7Day

0 comments:

Post a Comment