Wednesday, July 31, 2019

စပွန်ဆာနဲ့ ကားဝယ်တာမဟုတ်ဘူးဆိုတဲ့ နန်းမွေစံ

ဆရာဝန်လိုင်စင်အသိမ်းခံထားရတဲ့အတွက် ပရိသတ်အသိများလာတဲ့ မော်ဒယ်လ်နန်းမွေစံက မကြာသေးခင်က ကားပြောင်းစီးလိုက်တာနဲ့ပတ်သက်ပြီး ဝေဖန်မှုအနည်းငယ်ရှိနေတဲ့အပေါ် စပွန်ဆာနဲ့ကားဝယ်စီးတာမဟုတ်ဘူးလို့ ပြန်လည်ချေပလိုက်ပါတယ်။
“ကားက အဲဒီအမေရိကန် Brand ကို ကြိုက်လို့ လဲဖြစ်တာ။ ဘယ်လောက်မှလည်း မရှိပါဘူး။ သူများတွေလို မာစီးဒီးတွေလည်း မဟုတ်ပါဘူး။ ကိုယ်စပွန်ဆာလည်းမရှိဘူး။ ဘာမှမရှိဘူး။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်တာ။ သူများတွေ အထင်မှားမှာစိုးလို့”လို့ ၎င်းက ပြောပါတယ်။

လက်ရှိမှာလည်း ကြော်ငြာရိုက်ကူးတာတွေ၊ နယ်သီချင်းဆိုပွဲတွေ စတဲ့အနုပညာအလုပ်တွေ လုပ်ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

“ရိုက်ထားတဲ့ကြော်ငြာတွေရှိတယ်။ နယ်ပွဲတွေသွားထားတာရှိတယ်။ ပြီးတော့ အိမ်ရဲ့စီးပွားရေးလည်းရှိတယ်။ မွေစံအနေနဲ့ ဘာမှမလိုအပ်ဘူး။ အဲဒါကြောင့် ပရိသတ်ကိုပြောချင်တာက စိတ်ရှင်းရှင်းနဲ့ အားပေးပါလို့ အဲဒီကိစ္စတွေဘာမှပတ်သက်ခြင်းမရှိပါဘူးလို့ ပြောချင်ပါတယ်”လို့ မော်ဒယ်လ်နန်းမွေစံက ပြောပါတယ်။

နွယ်နီ
The Voice

0 comments:

Post a Comment